ဖြေဆေး
*****

အနာဂတ်ကို ရေရွတ်ရင်း
ဟောင်းနွမ်းနေတဲ့ အတိတ်ကို
လှမ်းလှမ်းကြည့်နေ မိတယ်..
တောင်ပခဲ့ တဲ့ နေ့ တစ်နေ့ ရဲ့ အောက်
ပျားပျားဝပ်နေတဲ့  အလွမ်းတွေက
ခေါက်ရိုးကျိုးစ ပြုနေလေရဲ့ ......
ရိုးရာ နတ်တင်ပွဲမှာ
အမည် မမယ်နဲ့ တည်ခင်း
အရှင်ကို အားကိုးနေမိတယ်
လမ်းစတွေ ရူပ်ထွေးလို့ 
သူလို့ ငါလို အရူးတွေပါပဲလား......
အလွမ်းစတွေက ရှည်စေရယ်လို့ 
ဘယ်နှစ်ကြိမ် မြောက်မှ ဆုမတောင်းခဲ့ဘူး
မုန်းစ တွေရယ် တိုပါစေလို့ 
ဘယ်ရာစုမှမှာ မရေးဖတ်ခဲ့ဘူး
ချစ်လွန်းလို့ ရူး အလွမ်းတွေ ငိုတဲ့ညက
ဥသြငှက်တွေလည်း မတွန်ရှာတော့ဘူးချစ်သူ...
အမှန်တော့ လွမ်းရေးလည်းခက်လှပေါ့
အချစ်မရှိတော့ ညက
အနားစတစ်ခုကိုဆွဲထုတ်
အမုန်းတွေကို ကာရံ ပျိုးပျိုး နေမိတယ်
တစ်ထောင့်ငါးရာကို ညီမျှခြင်းချ့ 
သံသယနဲ့ ကျောချင်းကပ်ပြီ
နင်သရုပ်အမှန်တွေ ပေါ်လွင့်ဖို့ 
ဖြေဆေးရှာ ဖို့ မလိုတော့ပါဘူး ချစ်သူ............
*****

အနာဂတ်ကို ရေရွတ်ရင်း
ဟောင်းနွမ်းနေတဲ့ အတိတ်ကို
လှမ်းလှမ်းကြည့်နေ မိတယ်..
တောင်ပခဲ့ တဲ့ နေ့ တစ်နေ့ ရဲ့ အောက်
ပျားပျားဝပ်နေတဲ့  အလွမ်းတွေက
ခေါက်ရိုးကျိုးစ ပြုနေလေရဲ့ ......
ရိုးရာ နတ်တင်ပွဲမှာ
အမည် မမယ်နဲ့ တည်ခင်း
အရှင်ကို အားကိုးနေမိတယ်
လမ်းစတွေ ရူပ်ထွေးလို့ 
သူလို့ ငါလို အရူးတွေပါပဲလား......
အလွမ်းစတွေက ရှည်စေရယ်လို့ 
ဘယ်နှစ်ကြိမ် မြောက်မှ ဆုမတောင်းခဲ့ဘူး
မုန်းစ တွေရယ် တိုပါစေလို့ 
ဘယ်ရာစုမှမှာ မရေးဖတ်ခဲ့ဘူး
ချစ်လွန်းလို့ ရူး အလွမ်းတွေ ငိုတဲ့ညက
ဥသြငှက်တွေလည်း မတွန်ရှာတော့ဘူးချစ်သူ...
အမှန်တော့ လွမ်းရေးလည်းခက်လှပေါ့
အချစ်မရှိတော့ ညက
အနားစတစ်ခုကိုဆွဲထုတ်
အမုန်းတွေကို ကာရံ ပျိုးပျိုး နေမိတယ်
တစ်ထောင့်ငါးရာကို ညီမျှခြင်းချ့ 
သံသယနဲ့ ကျောချင်းကပ်ပြီ
နင်သရုပ်အမှန်တွေ ပေါ်လွင့်ဖို့ 
ဖြေဆေးရှာ ဖို့ မလိုတော့ပါဘူး ချစ်သူ............
ချစ်ခင်လေးစားလျက်
ကဗျာရိပ်
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment