လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာပါတယ်...

အဖြူရောင် ပ၀ါ ပါးပါးလေးကို
အရောင်တွေခြယ်ပြီး ခိုင်းစေခဲ့ဘူးတဲ့ချစ်သူ
အခုတော့လည်း ဝေဒနာ အဖြေရှာခွင့်တောင်မပေး
နေရာသစ်မှာ ပျော်မွေ့ နေပြီးပေါ့...
ငါဆိုတဲ့ လူကလည်း အတ္တကိုကိုင်ဆွဲ
အချစ်ဆိုတာ ကို တန်ဖိုးထားတတ်သူမို့ 
နင်ပြောခဲ့ဘူးတဲ့မေတ္တာ အရောင်ပျက်အောင်
စောင့်နေခဲ့သူပါ...
ပထမ ပြောဘူးတဲ့ အချစ်
ငါနားက တိတ်တိတ်လေး ထွက်သွားပြီ
ဒုတိယပြောဘူးတဲ့အလွမ်း
ငါနားမှာ ပတ်ချာဝိုင်းနေပြီ
တတိရပြောဘူးတဲ့ အမုန်း.
ရင်ဘတ်ထဲ ပြည့်နေပြီ..ချစ်သူ
အချစ်တကာ အချစ်ထဲမှာ
နင့် အချစ်ကို အကြောက်ဆုံးမို့ 
အလွမ်းတကာအလွမ်း ထဲမှာ လည်း
နင့်ကို လွမ်းရမှာ အကြောက်ဆုံးပဲ...
အပြုံးတွေ အဆုံးသတ်မခင်
ငါရင် ကို ခဏရပ်ပြီး
အပြီးသတ် ထွက်သွားပေးပါချစ်သူ...
ကြေကွဲဖို့ ဖြစ်လာတဲ့ အချစ်
အဆုံးသတ်မလှပေမဲ့
နှလုံးသားတော့ လှပနေလိမ့်မယ်...
မယုံကြည်ပေမဲ့ ယုံကြည်ရလိမ့်မယ် ချစ်သူ....
အချစ်ကို အန်မတုနိုင်မှတော့
အဟောင်းကိုမေ့ အသစ်ကိုပြင်ပြီး
နင့် အတွက်တော့ လွမ်းပြီး ကျန်ရစ်မှာကို
အားတော့နာပါတယ် ချစ်သူ..
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment