Sunday, June 9, 2013

ငါမင်းကို ချစ်ခဲ့ပြီးသည့် နောက်ပိုင်းတွင်

                                             ငါမင်းကို ချစ်ခဲ့ပြီးသည့် နောက်ပိုင်းတွင်

ဒဏ်ရာတွေဗရပွ   ခြေရာတွေနင်ကျန်ရစ်အောင်
အမုန်းမာရောတွေများ ရောခဲ့ လေသလားကွယ်
တွယ်ရာမဲ့နှလုံးသားလေး လေအကူးမှာလွင့်ရသလို
တစ်စစီ ပဲကြွေသွားအောင် တမင်ဖန်တီးပါတယ်လို.တော့
မရိုစွဲ ခြင်းပါဘူးကွယ်....

ခြေတိုင်မှာ နင်မရှိတော့ပေမဲ့
အပြင်ဆိုင်မှာ ၀ယ်စားဖို့တော့
ငါသတ္တိတွေ မမာနိုင်ခဲ့ပါဘူးး


ချိုမြိန်ပါတယ်ဆိုတဲ့သံစဉ်တွေတောင်
အက်ကြောင်းတွေ ကအထပ်ထပ်
တစ်ခါပြို တိုင်း တစ်ခါ ထရတာ
ငါလဲ မောနေပါပြီဟာ..........
တစ်ရေးနိုးပြီ မက်တဲ့ အိမ်မက်တောင်
ရောင်ရောင် ငိုတတ်နေခဲ့ပြီ....
မင်းပေးခဲ့တဲ့ ပန်ဒါလေးက
မချိတင်ကဲ အပြုံးလေးနဲ့ 
အားပေးဖော်တော့ ရခဲ့သားးးးးးးး
သိပ်တော့ မလှပေမဲ့
ကဗျာဆန်တဲ့  စာတစ်ကြောင်းပါ
သိပ်တော့ မလွမ်းပေမဲ့
ရေးရေးလေးတော့ တွေ့ ခဲ့သားပဲ
သိပ်တော့ မချစ်ပေမဲ့


နည်းနည်းလေးတော့ ခံစားရတယ်
ဒါပေမဲ့လည်း အခုအချိန်အထိ
တစ်ရေးနိုး ယောင်ယောင်ပြီး
ခေါ်နေမိတယ် မောင်........
                                                         ခံစားတတ်သူတိုင်း နားလည်နိုင်ကြပါစေ
                                                           ကျေးဇူးတင်လျက်.....

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates