ကြွေကျသွားသောနှလုံးသား တစ်စုံ
ပျက်သုန်းသွားတဲ့အရာတစ်ခု
သွေးသံတစ်ချွဲချွဲ့နဲ့ပေါ့.......
မင်းပြောခဲ့ဘူးတဲ့ အချစ်တွေကလည်း
မြေပေါ်မှာ ခ၀ါချရင်း
တောင်းပန်သံတစ်ချို့ကလည်း
လိုင်းပြတ်သွားတဲ့ဖုန်းတစ်လုံး လို
လူကြီးမင်း ဖြစ်လို့ရယ်.......
ပေါ့ပါးနေပါတယ်ဆိုတဲ့
ရယ်သံတစ်ချို့ကလည်း
ခါးသက်တဲ့ရနံတွေနဲ့အတူ လွင့်မျောရင်းး
ထုံသင်းပါတယ်ဆိုတဲ့ ပန်းလေးလည်းး
နွမ်းခြောက်ပျက်ပြယ်နေခဲ့ပြီ........
မာန်မာနတွေဆိုတာ တောင်ကမ်းပါးရံ တစ်ခုလို တိုက်စားရင်း
ဖြစ်ပျက်ဓမ္မတာ တစ်ခုကို လစ်လျူမချူ့ လိုက်ပါနဲ့ဟာ
အဟောင်းဆိုတာ အသစ်မဖြစ်တော့ပေမဲ့
အတိတ်ဆိုတာ အနာဂတ်ရဲ့ခြေတစ်လှမ်းဆိုတာကို
မေ့ထားလို့မရပါဘူးးးးးး
ဖြစ်ပျက်ခဲ့သမျှကို အသစ်ပြန်ဖြစ်ဖို့
မမျှော်လင့်ခဲ့ သလို
နင်ရဲ့လှောင်ပြောင် သရော်မူတွေရဲ့
အောက်မှာ ငါရူံးနိမ့်မှာကို ကြောက်တယ်
အပေးဆိုတာ မရှိခဲ့သလို
အယူဆိုတာလည်း မရှိခဲ့ပါဘူး
အပေးအယူတောင်မရှိတဲ့
ငါတို့နှစ်ယောက်ရဲ့
ဇာတ်လမ်း တစ်ခန်းရပ်ခဲ့ပြီးပဲ
တစ်ခုတော့ပြောလိုက်ပါရစေ
ငါနှလုံးသားတစ်ခုသေဆုံးသွားခဲ့ပြီ ချစ်သူ....
ရင်မှာစိမ်းကား
သူမုန်းသွားလည်း
ငြိုးရက်မာန်တင်းးးးးးးးးမစိမ်းနိုင်ဘူး
ချစ်သူ့မျက်နှာ တစ်ကမ္ဘာလို့...
အစဉ်မြတ်နိုး ချစ်ခဲ့ပါသည်.
ချစ်သူတစ်ယောက်သိပါစေလို့
ဆုတောင်းနေမယ်ဆို၇င် မင်းတစ်ယောက်
မရယ်လိုက်ပါနဲ့နော်....
မင်းရဲ့လှောင်ပြောင်မူတွေကို စိုးကြောက်လို့ပါကွယ်.........
မေတ္တာဖြင့် ဆန္ဒပြုရင်းးးး
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment