သေရာပါတဲ့ ဒဏ်ရာရခဲ့လည်း နင့်ကို
ငါချစ်တယ်
ပျက်ယွင်းနေခဲ့ နင့်ရဲ့ သစ္စာတရား
မရှိခဲ့လည်း နင့်ကိုငါချစ်တယ်
နင်စေခိုင်းသလို ငါနေခဲ့ရရင်လည်း
ကျေနပ်စွာနဲ့ နင့်ကိုငါချစ်တယ်
စက်ရုပ်တစ်ရုပ်လို့ ပဲနင်ရဲ့ဘေးမှာ
နေခွင့်ရမယ်ဆိုရင်လည်း နင့်ကိုငါချစ်တယ်
ဘယ်လိုလူတွေနဲ
့တွဲလာပြနေပါစေသဘောထားကြီးစွာနဲ့ နင့်ကိုငါချစ်တယ်
ငါချစ်တာကိုပြောရရင်
နင်ရဲ့အရိပ် နင့်ရဲ့အသံ နင်ရဲ့ ရင်ခုန်သံ
နင်ရဲ့အငွေ့အသက်
အရာအားလုံးကို ငါရဲ့ ရင်ကွဲတံခါးဝမှာ
ချိတ်ဆွဲထားလိုက်ချင်ပါတယ်
နင်သာ ပန်းချီကားတစ်ချက်ဖြစ်ခဲ့မည်
ဆိုပါလျှင်......
ပုံရိပ်တွေကို ထုဆစ်
အမည်မဖော်နိုင်တဲ့ငါရဲ့အချစ်ကို
မဟောင်းမနွမ်း ထာဝရသစ်လွင်နေချင်တယ်
ငါရဲ့ ပန်းချီကားလေးရယ်..
ဗလောင်ဆူစွာ ချစ်ခဲ့တဲ့ငါရဲ့အချစ်ကို
ဒီသံသရာမှာ လွတ်မြောက်ခွင့်မရချင်ပါဘူးး
နင်ကိုချစ်တဲ့အချစ် က
အဲလောက်ထိကိုမိုင်တိုင်ကျော်ခဲ့ပြီ.....
ကျေးဇူးတင်လျက်

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment