Wednesday, July 10, 2013

♥တကယ်ပဲလဲနင်မချစ်ပဲနဲ့ ..♥

♥တကယ်ပဲလဲနင်မချစ်ပဲနဲ့ ..♥
....................................

                                               
ခံစားချက်...........
ရင်ကွဲမှတ်တမ်းတစ်ခု...
အဖြေရှာမရခင်မှာပဲ
လမ်းတစ်ဝက်မှာကျပျောက်ခဲ့ရတဲ့
ငါ့နှလုံးသားက အဖြူသက်သက်ပဲတဲ့လားးး



မှားပါတယ်ဆိုတဲ့ အကြောင်းပြချက်
လှည့်စားမှု့ တွေများနေတဲ့ ဒီပါးစပ်ဖျား
ခါးသက်သက် အနမ်းကြားမှာ..
မပျော်မွေ့ ပေမဲ့ အပြုံးတုတစ်ခုတော့
တပ်ဆင်ထားပါရစေ.......

ရလဒ်ရဲ့အဆုံးသတ်မှာ
အမှားသံတွေများနေခဲ့ရင်တောင်
ကြေကွဲသံပါနေတဲ့ ငါ့ နှလုံးသားက
ခွင့်ပြုခဲ့သေးတယ်ဆိုတာ
နင်တစ်ယောက်မမြင်နိုင်ခဲ့လေတော့
မှားပြန်တယ်ချစ်သူ......


ပြင်းပြင်းရှရှ ရသတစ်ခုမဟုတ်ခဲ့တဲ့
ဒီကဗျာ....
ခံစားချက်အမြစ်တွယ်မှု့ မရှိတဲ့
ဒီစာကြောင်းက
နင်ရဲ့ ဟန်ဆောင် အချစ်တစ်ခုထက်တော့
အသက်ဝင်ခဲ့တယ်ချစ်သူ...

ပါးပါးလေးပဲပြုံးမယ်ချစ်သူ
နက်ရိုင်းမှု့ ရဲ့အဆုံးသတ်
မလှမပဖြစ်မှာကို ငါမလိုချင်လို့ ပါ
လှည့်စားမှု့ ရဲ့နောက်ကွယ်က
နင့်အကြည့်တစ်ချက်မှာ
နစ်မျောသွားခဲ့ဘူးတဲ့ ငါ့အချစ်....



ဝေးဝေးသွားပါရစေ.......အနားနားဘေးမှာ မရှိချင်လို့ ပါ
အဆုံးသတ်ပေးပါရစေ...ငါ့နှလုံးသားကို.....
ပုံပြင်လို့ ရင်မှာ မှတ်ထားခဲ့ပြီ...........တစ်ရေးနိုးပြီ ဆက်မက်မက်ရမည့် အိမ်မက်က နင်အကြောင်းမဖြစ်ပါရစေနဲ့ 
တကယ်ပဲလည်း နင်မချစ်ပဲနဲ့ ဟန်ဆောင်တာတွေရပ်လိုက်ပါတော့ချစ်သူ..........ငါ့ မျက်ဝန်းတွေ နင့်ကြောင့်နဲ့ မစွတ်စို ချင်တော့ဘူးးးးးးးးးးကွယ်
 ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates