Thursday, July 4, 2013

ငါရဲ့ ကောင်းကင်အောက်မှာ အမုန်းတံတားလေးတည်ဆောက်ခဲ့သည်..

ငါရဲ့ ကောင်းကင်အောက်မှာ အမုန်းတံတားလေးတည်ဆောက်ခဲ့သည်..


ငါ့ရဲ့ ကောင်းကင်မှာ...........
အချစ်မိုးတွေရွာပြီး
အလွမ်း မုန်တိုင်းတွေ တိုက်ခတ်ခဲ့ဖူးပြီ..........


ငါရဲ့ ကောင်းကင်မှာ.......
အမည်မဖော်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာ
ကိန်းဂဏန်းတွေ ရေတွက်ခဲ့ဖူးပြီ.......



ငါရဲ့ကောင်းကင်မှာ.......
ကြယ်တာရာတွေရေတွက်
မမြင်နိုင်တဲ့ ကံကြမ္မာကို
ပုံဖော်ခဲ့ဖူးသည်.........


ငါရဲ့ကောင်းကင်မှာ.......
ချစ်စရာ လမင်းရဲ့ အေးမြတဲ့အပြုံးကို
ရင်ဝယ်တမ်းတာ မှတ်ကျောက်တင်ပြီး
စိတ်ကူးအတွေးထဲ နစ်မျောခဲ့ ဖူးပြီ......


ငါရဲ့ကောင်းကင်မှာ .........
မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ 
နေမင်းလို ရင်ဆိုင်ရဲတဲ့သတ္တိကို လက်ကိုင်ပြီး
မိုက်မဲစွာလည်း လျောက်လှမ်းခဲ့ဖူးပြီ............


ငါရဲ့ကောင်းကင်မှာ..........
တိမ်တွေရဲ့ သဘောလို့ ရွေ့ လျားတတ်တဲ့
မင်းရဲ့စိတ်နဲ့ အတူ သံသယ စည်းခြားပြီး
အမုန်းဝင်္ကပါထဲ မှောက်မှားစွာဝင်တိုးခဲ့ဖူးပြီ............


အခုတော့လည်း ..........ငါရဲ့ ကောင်းကင်မှာ..
အချစ်မိုးလဲ မရွာတော့ဘူး
အလွမ်းမုန်တိုင်းတွေလည်း ဆိတ်သုန်းနေပြီ
တိမ်တွေလဲ မညို လေညှင်းလဲ မတိုက်
ရက်စက်ခြင်းတံတိုင်းကို အကာကွယ်ပြုလို့ 
အချစ်ချောင်းလေးထဲ မှာ အမုန်းတံတားလေး
တစ်ခု တည်ဆောက်ခဲ့ပါပြီ ချစ်သူ...................


ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates