♥♥♥အချစ်၏ဆုံမှတ်များနှင့် တစ်နေ့ တာအလွဲများ♥♥♥
အချစ်ဆိုတဲ့ အရာကို ခေါင်းစဉ်အမျိုးမျိုးတပ်
တစ်ခြားတစ်ရောက်ရင်တဲ့ဖူးပွင့်ခိုင်းရအောင်
အငှားအတုရင်ဘတ်နဲ့ အသက်ရှင်နေတာမှမဟုတ်ခဲ့တာ။
အချစ်ပန်းခင်းတစ်ခင်းပျိုးလို့ 
နေအရောင်အဟပ်ကိုစောင့်မျှော်ရင်း
ငါချစ်သလို နင်မချစ်လာတဲ့အခါ
ခုန်လာတဲ့ နှလုံးခုန်သံ
အလိုအလျောက် အသံတိတ်စက်နဲ့ 
ရပ်ခိုင်းထားလိုက်ချင်ခဲ့တယ်။
အရုပ်ကြိုးပြတ်နဲ့  ဘ၀ကိုကျောခိုင်း
စည်းစည်းကားကားကျင်းပနေခဲ့တဲ့
နင့်ရဲ့ ဘတ်ဒေးပါတီ..
မဆိုင်မဆီ တွေ့ မိတာက
အဲဒီညက လမှသာခဲ့ရလား။
ဟုတ်တယ် ..အဲလိုအလွဲတွေနဲ့ 
ပျော်ပိုက်နေတဲ့ အချစ်တစ်ခုရဲ့ ဆုံမှတ်ကိုရှာရင်း
စင်္ကြ၀ဋ္ဌာကြီးရဲ့ ရယ်မောသံတစ်ချက်ကိုကြားလိုက်ရတယ်
ဘာသာဘာဝ တစ်ခုရဲ့ကြား
လှလှ ခြယ်မှုန်းထားတဲ့ မျက်ကပ်မှန်မှာ
နင်မသိနိုင်ခဲ့တဲ့ အချစ်တစ်ခုကို
ထွန်းညို့ ထားခဲ့ဘူးတယ် ဆိုပေမဲ့....
သခင်လိုရာဆုကိုတောင်းနိုင်ဖို့ 
ကြယ်ကြွေပေးရမယ်ဆို
ဟောဒီကမ္ဘာကြီး.မပျက်သုန်းဖို့ 
ကျမရဲ့ အချစ်တွေနဲ့ အတူဖြန့် ကျက်လို့ ထားပေးလိုက်ချင်တယ်..
ဆိုပေမဲ့..လည်း.
ကျမတဲ့ နှစ်ယောက်ရဲ့အချစ်တွေကတော့
မဆုံနိုင်တော့တဲ့ Infinity တစ်ဖက်တစ်ချက်မှာပေါ့။
♥♥♥ကဗျာရိပ်♥♥♥
Juny,29,2013
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment