Thursday, August 15, 2013

♥♥♥ အချစ်နဲ့ အလွမ်းတစ်သားတည်းကျပါစေ ♥♥♥

♥♥♥ အချစ်နဲ့ အလွမ်းတစ်သားတည်းကျပါစေ ♥♥♥


ချစ်သင့်လို့ ချစ်ခဲ့တာမဟုတ်ပါဘူး
ချစ်ချင်လို့ ကို ချစ်လိုက်တာ
အကြောင်းပြချက်ရဲ့ နောက်က
မုသားမပါတဲ့ အလင်္ကာဆိုတာ
အလွမ်းကျောခင်းပြီး မှေးစက်ရတာလောက်
အနှစ်သာရလဲ မပြည့်ခဲ့ပါဘူး။

ကြင်နာသော အသံတွေ
ရင်မှာလာလာငြိတော့
ဦးနှောက်က လာတဲ့အသိတွေ
တစ်ချက်ချက် အခန်းလွတ်ချင်လာခဲ့တယ်။

ကျမနှလုံးသားမှာ အလွမ်းမိုးတွေ
ရွာခဲ့သော နေ့ ကပေါ့
အချစ်တွေကို ရင်မှာခင်း
ကြည်နှူး မူ့ အတိနဲ့ 
ပေါ့ပေါ့ပါးပါးကို ပြုံးနေလိုက်မိတယ်။

ရင်ခုန်သံကို တံတားထိုး
အချစ်ကို လမ်းခင်းပေးခဲ့တာမို့ 
တစ်ချက်လောက်ပြန်လှည့်ကြည့်
ကျမရင်ထဲ အလွမ်းဆိုတဲ့ကောင်ကြီးက
ကြီးကြီးမားမားကို ဖူးပွင့်နေခဲ့ပြီရှင့်။

တောင်းတိုင်းပြည့်မယ်ဆိုရင်ပေါ့
ကျမလျှောက်တဲ့ လမ်းတိုင်း
အချစ်တွေနဲ့ ပြည့်ပါစေ.
နိုးထမှု့ မနက်တိုင်း
ချစ်သူ့ ရဲ့ အလွမ်းနဲ့ ပြည့်လို့ 
အချစ်နဲ့ အလွမ်းတစ်သားတည်းကျပါရစေရယ်လို့ ။

♥♥♥ကဗျာရိပ်♥♥♥
August,3,2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates