Tuesday, August 20, 2013

အဖြေမရှိတဲ့ အချစ်

ချစ်သူရယ်.....
မချစ်ချင်လို့ အပြစ်မြင်တယ်ဆိုရင်လည်း
မပျိုးခင်ပန်း အရောင်မနွမ်းခင်
သစ်တစ်ပင်တော့ မစိုက်သင့်ဘူးကွယ်....

အချိန်ရောက်လို့ ကြွေရမယ်ဆိုရင်လည်း
တော်ဝင်မဟုတ်ပေမဲ့ မာနကို ရှေ့ ထား
မြေခပန်း ကြွေကျပန်းတော့ မဖြစ်ချင်ခဲ့ရိုးပါကွယ်.....
အချစ်က အဆိပ်တစ်ခွက်ဖြစ်ခဲ့မယ်ဆို
မျက်နှာဟန်လွှဲ အပြုံးမပျက်တမ်း
ဦးနှောက်အသိ အမှတ်မရှိတဲ့ အသည်းက
ဒုတိယ မဟုတ်တဲ့ ပထမနေရာဖြစ်ခဲ့မယ်ဆိုရင်
ယောင်ယောင်ပြီ ထူးခဲ့မိမှာပါကွယ်..........
ချစ်သူရေ.....
မေတ္တာမပါတဲ့ ဒီသံသရာ တစ်ဖက်မှာ
အမုန်းတွေလည်း မပျိုးချင်ဘူး
အချစ်ပင်လည်း မစိုက်ချင်ဘူး
ပေါင်းစပ်ခြင်းမရှိတဲ့ နိယာမသဘောကို
အပြစ်ဖွဲ့ ဖို့ လည်း မတန်ပါဘူး....ချစ်သူ
အချစ်ဆိုတာ အရိပ်တစ်ခုလား
အချစ်ဆိုတာ အပြစ်တစ်ခုလား
ဝိုးတ၀ါးနဲ့ အလင်းမရှိ မှောင်အတိနဲ့ 
အဖြေရှာနေဆဲပါ ချစ်သူ.ရယ်.....
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates