♥♥♥ နှလုံးသားမြို့ တော်ဧ။် ရင်ဖွင့်ချက်♥♥♥
ပေမမှီ ဒေါက်မမှီနဲ့ 
အချစ်ကိုတိုင်းနေတာမဟုတ်ဘူးချစ်သူ
စိတ်လိုလက်ရ အသက်ပါပေးပီ
ချစ်နေခဲ့တာ (ဒါတောင်)
အပြစ်ဖွဲ့ နေတော့
ငါ့ရင်ဘတ်က စကားပြောချင်နေပီ။
အချစ်ကိုတိုင်းနေတာမဟုတ်ဘူးချစ်သူ
စိတ်လိုလက်ရ အသက်ပါပေးပီ
ချစ်နေခဲ့တာ (ဒါတောင်)
အပြစ်ဖွဲ့ နေတော့
ငါ့ရင်ဘတ်က စကားပြောချင်နေပီ။
မခမ်းနားတဲ့ အလွမ်းတွေ
ဒီရင်ကို လာလာဆူးတော့
နွေ နဲ့ အတူ ရော်မဲ့ရွက်ဝါက
မိုးနှင့်အတူ ကြွေရမဲ့အဖြစ်။
ဒီရင်ကို လာလာဆူးတော့
နွေ နဲ့ အတူ ရော်မဲ့ရွက်ဝါက
မိုးနှင့်အတူ ကြွေရမဲ့အဖြစ်။
ဒါက သဘာဝတဲ့လား
အဖြစ်သင့်ဆုံးဆန္ဒကိုချိုးနှိမ်လို့ 
သံယောဇဉ်ကြိုး ဘာပေတံနဲ့ တိုင်းရမှာလည်းချစ်သူ
သစ္စာပျက် သဲအိုလေးထဲက
ကြိုးပျက်နေတဲ့ တယောလို တော့
သိပ်ခမ်းခမ်းနားနား မဖြစ်မှာသေချာတယ်။
အဖြစ်သင့်ဆုံးဆန္ဒကိုချိုးနှိမ်လို့ 
သံယောဇဉ်ကြိုး ဘာပေတံနဲ့ တိုင်းရမှာလည်းချစ်သူ
သစ္စာပျက် သဲအိုလေးထဲက
ကြိုးပျက်နေတဲ့ တယောလို တော့
သိပ်ခမ်းခမ်းနားနား မဖြစ်မှာသေချာတယ်။
မြို့ ဟောင်းကနေစွန့် ခွာဖို့ 
နှလုံးသားတွေ သံပတ်ပေးတော့
အချိန်မှန် နာရီစင်က မျက်ရည်တွေ ရွှဲပေးခဲ့ရတယ်
တစ်ဖက်သတ်အမှားမို့ အရူံးများများပေးရမယ်ဆို
ဒီတစ်သက်မက နောက်ဘ၀များစွာထိ
အကြင်နာတွေ တစ်နင့်တစ်ပိုးနဲ့ 
ဒီရင်မှာ ချူပ်ရိုးရာက
အထပ်ထပ်ဖြစ်ပါစေတော့ရယ်လို့ ။
နှလုံးသားတွေ သံပတ်ပေးတော့
အချိန်မှန် နာရီစင်က မျက်ရည်တွေ ရွှဲပေးခဲ့ရတယ်
တစ်ဖက်သတ်အမှားမို့ အရူံးများများပေးရမယ်ဆို
ဒီတစ်သက်မက နောက်ဘ၀များစွာထိ
အကြင်နာတွေ တစ်နင့်တစ်ပိုးနဲ့ 
ဒီရင်မှာ ချူပ်ရိုးရာက
အထပ်ထပ်ဖြစ်ပါစေတော့ရယ်လို့ ။
ဒီနေ့ တော့လေ
ကျမနှလုံးသားရပ်ဝန်းမှာ
အလွမ်းမိုးတွေသဲလို့ ရယ်....
အော်..ချစ်သူ
တစ်ကိုယ်လုံးရွှဲရွှဲစိုနေလိုက်တာ
ပင့်သက်ရူသံတိုင်းမှာတောင်
အမုန်းသံတွေ နှောလို့ ပါလားကွယ်။
ကျမနှလုံးသားရပ်ဝန်းမှာ
အလွမ်းမိုးတွေသဲလို့ ရယ်....
အော်..ချစ်သူ
တစ်ကိုယ်လုံးရွှဲရွှဲစိုနေလိုက်တာ
ပင့်သက်ရူသံတိုင်းမှာတောင်
အမုန်းသံတွေ နှောလို့ ပါလားကွယ်။
♥♥♥ကဗျာရိပ်♥♥♥
August,13,2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment