Friday, September 27, 2013

♥♥♥ အချစ်ရဲ့ မယ်လိုဒီ♥♥♥

♥♥♥ အချစ်ရဲ့ မယ်လိုဒီ♥♥♥


ချွေကာချ ကြွေခါကျရဲ့တဲ့အဖြစ်
ပွင့်ဖတ်တွေ လေယူယိမ်းတော့
ရင်ထဲက မာန်မာနတွေ
တစ်ဖြုတ်ဖြုတ်ကြွေခဲ့ရတယ်။

သံစဉ်ချိုတဲ့ အချစ်တွေ
ဆက်လက်ရှင်သန်ဖို့ 
အကာကွယ်မဲ့တဲ့
ယုံကြည်ချက်ကို ထာဝရဆုပ်ကိုင်ခွင့်ပြုပါ။

ပစ္စုပန် တည့်တည့်မှာ
အငိုမျက်လုံးတွေ ကသီချင်းဆိုတယ်
ပင့်သက်တစ်ချက်ဝေတိုင်း
ရင်ဘတ်အနာတွေ တစ်ဆစ်ဆစ်ပါပဲ။

ဒါပေမဲ့လေ..
ရင်ဘတ်ချင်း အငြိမှာ
အချစ်တွေ ပြုံးနေကြတယ်
မာယာမပါတဲ့ အလွမ်းတွေကတော့
အခန်းကျဉ်းထဲ ပိတ်မှောင်ကျပ်
ငိုပွဲတွေ ဆင်နေခဲ့ကြတယ်။

ဘယ်လိုပဲံဖြစ်ဖြစ်ပေါ့ချစ်သူ.
တစ်သက်မှာတစ်ခါချစ်တဲ့အချစ်က
အလွမ်းတွေကို စီရီချိတ်ဆွဲရတာ
ကျမရင်ဘတ်ကြီး ဖတ်ဖတ်မောကိုမောလို့ ။

ကျမနားမှာ ငြိမ်းချမ်းခြင်းတွေရှိတယ်
ကျမနားမှာ အရည်လဲ့မျက်ဝန်းတစ်စုံရှိတယ်
ကျမနားမှာ အချစ်ရဲ့ မယ်လိုဒီတွေ သံစဉ်ညှိ နေတယ်
ကျမနားမှာ နှလုံးသားအတုတွေ ခိုးခိုးပြီးပြုံးနေတယ်

ကျမနားမှာ..ကျမနားမှာပေါ့
အလွမ်းမသိ အချစ်မရှိတဲ့ လူသားတစ်ယောက်
အဆုံးမသတ်တဲ့ အလွမ်းခရီးနဲ့ အတူ
အချစ်မယ်လိုဒီကို အစကနေ ပြန်ဖတ်လို့ နေခဲ့တယ်။

♥♥♥ကဗျာရိပ်♥♥♥
စက်တင်ဘာလ၊ ၁၅ရက်၊၂၀၁၃

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates