Friday, October 11, 2013

♥♥♥မာယာမြစ်ထဲက အလွမ်းတစ်စက် ♥♥♥

♥♥♥မာယာမြစ်ထဲက အလွမ်းတစ်စက် ♥♥♥
 
 


အဲဒီမြစ်ထဲမှာပေါ့...
တည်မြဲခြင်းမရှိတဲ့ အနာ၈တ်နဲ့ အတူ
အိမ်မက်တွေကို ရွက်လွှင့်ဖို့ ကြိုးစားခဲ့တယ်။

မာယာမရှိတဲ့ လောကကြီးက
မခမ်းနားဘူးတဲ့ ချစ်သူ
ပဉ္စလက် ဆန်ဆန်ပြောရရင်
ရင်ခုန်သံဆိုတာ နင် ဆိုတဲ့ ဝေါဟာရမရှိခင်တုန်းကတော့
နတ္ထိဗလာပေါ့။

အဲဒီ ..မာယာဆိုတဲ့ မြစ်ကြီးထဲမှာ
အုံ့ ပုန်း ဆန်တဲ့အချစ်တွေ
ဝေါ့ ခနဲ့ အန်ချလိုက်တာ
နင့် ရင်ဘတ်မှာ လှိုင်းတောင်မထခဲ့ဘူးလားချစ်သူ။

ဟုတ်မှာပါလေ...
တစ်ဖက်သတ်မို့ လွမ်းဇာတ်နာရမှာလား
စကားနိုင်လု စစ်ပြိုင်ထိုးရအောင်လား
ခက်တာက
အချစ်ဆိုတာ လူလူချင်းလှည့်ပတ်တဲ့
စကားပွဲတစ်ခုမှ မဟုတ်ခဲ့တာပဲကိုး။

ပွင့်ဖတ်တွေ ကြွေ လို့ နွမ်းပြီတဲ့လား
အချိန်တန်တုန်းက နင်မှမဆွတ်ခဲ့တာကို
မုန်တိုင်းတွေ ထန်နေပြီတဲ့လား
ခိုင်မာတဲ့ အိမ်တစ်လုံး နင်မှမဆောက်နိုင်ခဲ့တာ။

အခုမှ မာယာများတဲ့ အလွမ်းမြစ်ကြီးထဲမှာ
အထီးကျန်ဆန်ဆန် မလျှောက်လှမ်းနိုင်ဘူးလို့ 
မဆိုလိုက်ပါနဲ့ လားချစ်သူရယ်...

မာယာကြွယ်တဲ့ ဟောဒီလောကကြီးထဲမှာ
ငါတစ်ယောက်ပျောက်ကွယ်ခဲ့တာ
ရက်ပေါင်း ၃၆၅ ရက် ပြည့်ခဲ့တာ
နင်တစ်ယောက်ကြား သိနိုင်ပါစေတော့။

♥♥♥အလွမ်းဆိုတာ တစ်ဖက်သတ်အချစ်အတွက် ♥♥♥
♥♥♥ကြားခံနယ် လှေလေးတစ်စင်းပါပဲချစ်သူရယ်။ ♥♥♥

♥♥♥ကဗျာရိပ် ♥♥♥
26.September.2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates