Monday, November 25, 2013

♥♥♥ အဆုံးသတ် မျက်ရည်♥♥♥


♥♥♥ အဆုံးသတ် မျက်ရည်♥♥♥
 
 
 
 

ရင်ဘတ်တစ်ခုလုံး ဆွဲခွာကြည့်လိုက်တော့

အနာတရ မျက်ရည်တွေက

နှလုံးသားပေါ်ခုန်ဆင်း

ရင်ကွဲရုံနား ကပ်ဆင်းလို့ သွားခဲ့တယ်။


ပေါ်ပင်ပေါ်သီးမဟုတ်ခဲ့တဲ့

ငါ့အချစ်တွေက လေဟာနယ်ပြဇာတ်ရုံက

လူရွှင်တော်တွေရဲ့ ပြတ်လုံးများပမာ

နားစည်ပေါ်လွင့်ပြယ် လို့ အချောင်သမားနောက်

ကောက်ကောက်ပါအောင်လိုက်ခဲ့တယ်။


နင့်မျက်ရည်မြေပေါ်ကျတော့

အလေ့ကျ ပန်းတွေ ပေါက်လိုက်တာ

ငါ့မျက်ရည် ကြွေမယ်ကြံတော့

မိန်းမရိုင်းအသည်းမို့  စိမ်းလိုက်တာတဲ့။။


ရွယ်မယ်ရည်စူးလို့ ဖူးခဲ့တာမဟုတ်ဘူး

ကြွေမယ်မှန်းသိရင် အစကတည်းက

မြေခ ပေးခဲ့မှာအမှန်။


ငါ့က မာယာဆိုတာ မသိတဲ့

ခပ်နုံနုံ လူအတစ်ယောက်ပါ

ကောက်ကြောင်းမသိတဲ့ ပန်းချီသမားတစ်ယောက်လို

ဆွဲမိဆွဲရာ ဆွဲလို့  ခြယ်မိ ခြယ်ရာ ခြယ်ခဲ့သူပါ။


မျက်ရည်လမ်းကြောင်းကြားမှာ

အ၀င်အထွက်မသိတဲ့ အလွမ်းတွေ

ကျီဇယ်လို့ နှလုံးသားတောင်

ဇကာပေါက်တွေနဲ့ ဖြစ်လို့ ပေါ။


ရင်ဘတ်တစ်ခုလုံး ဆွဲခွာကြည့်လိုက်တော့

အနာတရ မျက်ရည်တွေက

နှလုံးသားပေါ်ခုန်ဆင်း

ရင်ကွဲရုံနား ကပ်ဆင်းလို့ သွားခဲ့တယ်။




♥♥♥ကဗျာရိပ်♥♥♥

November,19,2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates