အသင့်ရှိခဲ့သော (အချစ် )

ချစ်သူ.....
ကဗျာကိုချစ်တတ်သူတူိုင်းရဲ့စိတ်တွေက
နှုးညံသိမ့်မွေ့ တတ်ကြတယ်
စာပေကို ချစ်မြတ်နိုးသူတွေကျတော့
အတွေးအခေါ်လေးတွေရင့်ကျက်တတ်ကြပြန်တယ်
ချစ်သူကတော့...
ပေလွှာတွေကို ခြေရာတွေနဲ့ ဖျက်လို့ 
စေတနာတွေကို ဖယ်ရှားခဲ့တယ်..
ချစ်သူရေ...
ငါကတော့ မြစ်ကိုပင်လယ်ထင်ခဲ့ဘူးတဲ့
ကျွှဲခြေရာခွက်တဲ့ ဖားသူငယ်လို
အချစ်တွေကို ကိုးကွယ်လိုက်တာ
လွမ်းချင်းတစ်ပုဒ်ထဲက
ခပ်ဆန်းဆန်း ဒိုင်ယာလော့လို့ ပြောရင်
နင် လှောင်နေအုံးမှာလားးးးးး
ချစ်သူရေ......
မှားပါတယ်လို့ ပြောရင်
နောင်တ တွေနဲ့ လားတဲ့
အပြင်ကကြည့်ရင်တော့
ရေကြည်ရာ မြက်နုရာရှာသလိုနဲ့ 
အသည်းခွဲ သံစဉ်တွေကို
ခြေရာကောက်လို့ 
စိတ်တင်တိုင်း အဆောင်မပြောင်းချင်ပါနဲ့ ဟာ......
ချစ်သူရေ.......
အပြစ်တွေလည်း မဖွဲ့ ချင်ဘူး
ကံကြမာတစ်လှည့်ဆန်းလို့ 
ငါ့ဘက်ကို ပြန်လာလှည့်ရင်
ရင်ဝှက်တေးတစ်ပုဒ်နဲ့ အတူ
နင်အလာကို စောင့်နေမှာပါ........
ချစ်သူ.....
အလျော်အစားသဘောနဲ့ 
အချစ်ကို လောင်းကြေးထပ်လို့ 
ငါနှလုံးသားက လူတကာနင်းလို့ ရတဲ့
ပေတရာ လမ်းမှမဟုတ်တာချစ်သူ........
ငါ့နှလုံးသားဓါတ်လိုက်ခံခဲ့ရမှာတော့
အခြေအနေတွေ အချိန်အခါတွေကို
ယိုးမယ်ဖွဲ့ ရမယ်ဆိုတာက
ခောတ်ပောာင်းတေးတစ်ပုဒ်ရဲ့
ခပ်ရိုးရိုးအဆင်လေးတစ်ခုပါ ချစ်သူ.....
ဒါပေမဲ့လည်း
အချစ်ဆိုတာက ခက်တော့ခက်သား
ဝင်လာပြီးရင် ထွက်သွားဖို့ ဆိုတာ
နင်ခိုင်းနေကျ ကော်ပတ်ရုပ်တစ်ရုပ်
မဟုတ်ခဲ့တာတော့ သေချာပါတယ်ချစ်သူ......

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ

ချစ်သူ.....
ကဗျာကိုချစ်တတ်သူတူိုင်းရဲ့စိတ်တွေက
နှုးညံသိမ့်မွေ့ တတ်ကြတယ်
စာပေကို ချစ်မြတ်နိုးသူတွေကျတော့
အတွေးအခေါ်လေးတွေရင့်ကျက်တတ်ကြပြန်တယ်
ချစ်သူကတော့...
ပေလွှာတွေကို ခြေရာတွေနဲ့ ဖျက်လို့ 
စေတနာတွေကို ဖယ်ရှားခဲ့တယ်..
ချစ်သူရေ...
ငါကတော့ မြစ်ကိုပင်လယ်ထင်ခဲ့ဘူးတဲ့
ကျွှဲခြေရာခွက်တဲ့ ဖားသူငယ်လို
အချစ်တွေကို ကိုးကွယ်လိုက်တာ
လွမ်းချင်းတစ်ပုဒ်ထဲက
ခပ်ဆန်းဆန်း ဒိုင်ယာလော့လို့ ပြောရင်
နင် လှောင်နေအုံးမှာလားးးးးး
ချစ်သူရေ......
မှားပါတယ်လို့ ပြောရင်
နောင်တ တွေနဲ့ လားတဲ့
အပြင်ကကြည့်ရင်တော့
ရေကြည်ရာ မြက်နုရာရှာသလိုနဲ့ 
အသည်းခွဲ သံစဉ်တွေကို
ခြေရာကောက်လို့ 
စိတ်တင်တိုင်း အဆောင်မပြောင်းချင်ပါနဲ့ ဟာ......
ချစ်သူရေ.......
အပြစ်တွေလည်း မဖွဲ့ ချင်ဘူး
ကံကြမာတစ်လှည့်ဆန်းလို့ 
ငါ့ဘက်ကို ပြန်လာလှည့်ရင်
ရင်ဝှက်တေးတစ်ပုဒ်နဲ့ အတူ
နင်အလာကို စောင့်နေမှာပါ........
ချစ်သူ.....
အလျော်အစားသဘောနဲ့ 
အချစ်ကို လောင်းကြေးထပ်လို့ 
ငါနှလုံးသားက လူတကာနင်းလို့ ရတဲ့
ပေတရာ လမ်းမှမဟုတ်တာချစ်သူ........
ငါ့နှလုံးသားဓါတ်လိုက်ခံခဲ့ရမှာတော့
အခြေအနေတွေ အချိန်အခါတွေကို
ယိုးမယ်ဖွဲ့ ရမယ်ဆိုတာက
ခောတ်ပောာင်းတေးတစ်ပုဒ်ရဲ့
ခပ်ရိုးရိုးအဆင်လေးတစ်ခုပါ ချစ်သူ.....
ဒါပေမဲ့လည်း
အချစ်ဆိုတာက ခက်တော့ခက်သား
ဝင်လာပြီးရင် ထွက်သွားဖို့ ဆိုတာ
နင်ခိုင်းနေကျ ကော်ပတ်ရုပ်တစ်ရုပ်
မဟုတ်ခဲ့တာတော့ သေချာပါတယ်ချစ်သူ......

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment