Saturday, May 18, 2013

@@@@@@@အဆိပ်မြှား@@@@@@@@

@@@@@@@အဆိပ်မြှား@@@@@@@@

မောင်....
ဒီနေ့ ညရဲ့ အလှတရားတွေကို
ကျမ နှလုံးသာနဲ့ အလှဆင်မယ်
အရောင်အဆင်းအားဖြင့်တော့
ပန်းနုရောင် နည်းနည်းဖျတ်မယ်
အချစ်ဝင်္ကဘာ တိမ်းမှောက်လို့ 
နင်.နားရောက်ခဲ့ရင် အလွမ်းရင့်ရောင်
ခပ်ပါးပါးလေး ရောယှက်ပေးလှည့်ပါ.....



မောင်....
အိမ်မက်ညရဲ့ အလှတရားတွေက
ငါ့နားရောက်မှ ရုပ်ပျက်ဆင်းပျက်
နိဂုံးလို့ လည်း မဆိုသာ
အစနဲ့ အဆုံးကြားးးး.....
လမ်းပျောက်ရတဲ့ အဖြစ်မျိုးတဲ့လား....

မောင်......
အချစ်တွေက မကြားတကြားလှမ်းခေါ်တဲ့ ညကပေါ့
ပျားသကာသုတ်လူး..
အဆိပ်လို့ လည်း ငါမထင်ရက်ဘူးး
အလွမ်းတွေ ဒဏ်ခတ်မှ.
မညီမညာ ဒီစာကို စီနေမိတာ
ရင်ခုန်မိသူ မိန်းမတစ်ယောက်ရဲ့
အချစ်အမြုတေ တစ်ခုပါမောင်.......

မောင်....
ဒါပေမဲ့.............လေ
နောက်နေ့ တစ်ညရဲ့အလှတရားကိုတော့
အဆိပ်ရည်သုတ်လူး
နင့် နှလုံးသားနဲ့ အလှဆင်မယ်..
ရက်စက်ခြင်း တံတိုင်းကို ကာရံ
စိမ်းကားခြင်းတွေ စီချထားတဲ့
ရင်ခွင်တစ်ခုဆီကို အကြည့်တစ်ချက်အရောက်.......မှာ ))))))))))))))

တွေ့ လိုက်မိတာက.
အချစ်ရည်ကိုသုတ်လူးအဆိပ်မြှားဖြစ်နေလေတော့......??????

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates