*****အကြွေပန်းတွေနှင့်အတူ*****

တကယ်ဆို..
ပြင်းပြင်းချချ ရသတစ်ခုကို
အသက်သွင်း မှောက်မိုက်တဲ့
မျက်နှာပြင်မှာ ဆေးရေးခြယ်နေခဲ့မိတယ်
ရလဒ်ရဲ့အဆုံး နှစ်မျို့ ဖွယ်ရာမရှိ
ယိုင်နဲ့ စွာ လှမ်းခဲ့တဲ့
နှလုံးသားတစ်စုံက
လက်ယှက်ခေါ်နေခဲ့လေတော့...
တကယ်ဆို.......
သီဆိုနေကျသီချင်းတစ်ပုဒ်က
အသက်မဲ့နေခဲ့ပြီးသားပါ..
လောဘရဲ့ တပ်မက်မှု့ ကြောင့်
ဖွယ်ဖွယ်ရာရာ တည်ခင်း
စားတော်ပွဲရဲ့ ငြီးငွေ့ ဖွယ်ရာအဖြစ်
ခုချိန်ထိကို မျှော်လင့်နေတော့ခက်သားး.....
တကယ်ဆို
ဝေစရာမရှိတော့ အကြွေပန်းတွေကို
တစ်စစီကောက်လို့  ရင့်နင့်စွာကြေကွဲ
တစ်ထောင့်တစ်ညပုံပြင်ဟောင်းကို
ငါ..ငါ မက်မောစွာ တွယ်ဖက်နေလေရဲ့..
တကယ်ဆို..
အချစ်ဆိုတဲ့အရာ ပေးတိုင်းလည်းမရခဲ့ပါဘူး
အလွမ်းဆိုတဲ့အရသာက ငါ့အိမ်မက်ကိုဖျက်ဆီးလို့ 
ထင်တိုင်းကျဲလိုရတဲ့ ငါ့ကောင်းကင်မှာတော့
ကြယ်တွေမလင်းခဲ့ပါဘူးချစ်သူ........
တကယ်ဆို.......
ရင်နာမိပါတယ်ချစ်သူ
မြေခပြီ ကြွေကျခဲ့တဲ့ ငါ့အဖြစ်
နင်ကူလို့ ပေးမယ်ဆို
စေတနာတွေ ဗရပွ
ရင်တွေကြေကွဲခံနေအုံးမှာပါချစ်သူ......

တကယ်ဆို..
ပြင်းပြင်းချချ ရသတစ်ခုကို
အသက်သွင်း မှောက်မိုက်တဲ့
မျက်နှာပြင်မှာ ဆေးရေးခြယ်နေခဲ့မိတယ်
ရလဒ်ရဲ့အဆုံး နှစ်မျို့ ဖွယ်ရာမရှိ
ယိုင်နဲ့ စွာ လှမ်းခဲ့တဲ့
နှလုံးသားတစ်စုံက
လက်ယှက်ခေါ်နေခဲ့လေတော့...
တကယ်ဆို.......
သီဆိုနေကျသီချင်းတစ်ပုဒ်က
အသက်မဲ့နေခဲ့ပြီးသားပါ..
လောဘရဲ့ တပ်မက်မှု့ ကြောင့်
ဖွယ်ဖွယ်ရာရာ တည်ခင်း
စားတော်ပွဲရဲ့ ငြီးငွေ့ ဖွယ်ရာအဖြစ်
ခုချိန်ထိကို မျှော်လင့်နေတော့ခက်သားး.....
တကယ်ဆို
ဝေစရာမရှိတော့ အကြွေပန်းတွေကို
တစ်စစီကောက်လို့  ရင့်နင့်စွာကြေကွဲ
တစ်ထောင့်တစ်ညပုံပြင်ဟောင်းကို
ငါ..ငါ မက်မောစွာ တွယ်ဖက်နေလေရဲ့..
တကယ်ဆို..
အချစ်ဆိုတဲ့အရာ ပေးတိုင်းလည်းမရခဲ့ပါဘူး
အလွမ်းဆိုတဲ့အရသာက ငါ့အိမ်မက်ကိုဖျက်ဆီးလို့ 
ထင်တိုင်းကျဲလိုရတဲ့ ငါ့ကောင်းကင်မှာတော့
ကြယ်တွေမလင်းခဲ့ပါဘူးချစ်သူ........
တကယ်ဆို.......
ရင်နာမိပါတယ်ချစ်သူ
မြေခပြီ ကြွေကျခဲ့တဲ့ ငါ့အဖြစ်
နင်ကူလို့ ပေးမယ်ဆို
စေတနာတွေ ဗရပွ
ရင်တွေကြေကွဲခံနေအုံးမှာပါချစ်သူ......
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment