*****ကျေနပ်ပါတယ်******

ပုံစံတွေလည်း မခမ်းနားခဲ့ပါဘူး
တောင်ပြန်လေတစ်ချက်ရဲ့ အဝှေ့ မှာ
အချစ်တွေ ပစ်ချခံခဲ့ရတာ
မဝေရက်ပေမဲ့ ကျေနပ်ခဲ့ပါတယ်ချစ်သူ....
ကြယ်တွေကြွေခဲ့တဲ့ ညတစ်ညကပေါ့
အုံ့ ပုန်းအချစ်တွေကို ကိုးကွယ်
နေညိုချိန်ကိုမှန်းမျှော်နေခဲ့ရလည်း
ငါကျေနပ်ခဲ့ပါတယ်ချစ်သူ........
သစ်စိမ်းချိုး ချိုးလို့ 
အိမ်မက်တွေ ရက်စက်တဲ့နေ့ က
ငါကိုယ်တိုင် မသိနိုင်ခဲ့တဲ့ အလွမ်းတွေ
ထုနဲ့ ထည်ရှိနေခဲ့တာလည်း
ငါကျေနပ်ခဲ့ပါတယ် ချစ်သူ........
ရင်ဝှက်တေးတစ်ပုဒ်ကို အမှတ်မထင်
ဆိုငြီးလို့ အသစ်စက်စက် စလင်းဘတ်က
ငါ့ ထက်သာတယ်ဆို.....
မဆိုစတမ်းပြောလို့ .. ရင်တွေခါးနေတာတောင်
သေလုမျောပါး အနာတရနဲ့ 
ကျေနပ် နေခဲ့ရသူပါ.......
ဘ၀တွေက နေ့ ညရဲ့ တစ်ဖက်ကမ်းမှာ
အချစ်တွေကတော့ အမုန်းရဲ့ တစ်ဖက်ကမ်းမှာ
အလွမ်း ရင်ဝယ် ငွေ့ ငွေ့ နဲ့ 
နင်အလာ လမ်း မှန်းမျှော်နေရတာကိုလည်း
ကျေနပ်နေဆဲပါ ချစ်သူ......
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ

ပုံစံတွေလည်း မခမ်းနားခဲ့ပါဘူး
တောင်ပြန်လေတစ်ချက်ရဲ့ အဝှေ့ မှာ
အချစ်တွေ ပစ်ချခံခဲ့ရတာ
မဝေရက်ပေမဲ့ ကျေနပ်ခဲ့ပါတယ်ချစ်သူ....
ကြယ်တွေကြွေခဲ့တဲ့ ညတစ်ညကပေါ့
အုံ့ ပုန်းအချစ်တွေကို ကိုးကွယ်
နေညိုချိန်ကိုမှန်းမျှော်နေခဲ့ရလည်း
ငါကျေနပ်ခဲ့ပါတယ်ချစ်သူ........
သစ်စိမ်းချိုး ချိုးလို့ 
အိမ်မက်တွေ ရက်စက်တဲ့နေ့ က
ငါကိုယ်တိုင် မသိနိုင်ခဲ့တဲ့ အလွမ်းတွေ
ထုနဲ့ ထည်ရှိနေခဲ့တာလည်း
ငါကျေနပ်ခဲ့ပါတယ် ချစ်သူ........
ရင်ဝှက်တေးတစ်ပုဒ်ကို အမှတ်မထင်
ဆိုငြီးလို့ အသစ်စက်စက် စလင်းဘတ်က
ငါ့ ထက်သာတယ်ဆို.....
မဆိုစတမ်းပြောလို့ .. ရင်တွေခါးနေတာတောင်
သေလုမျောပါး အနာတရနဲ့ 
ကျေနပ် နေခဲ့ရသူပါ.......
ဘ၀တွေက နေ့ ညရဲ့ တစ်ဖက်ကမ်းမှာ
အချစ်တွေကတော့ အမုန်းရဲ့ တစ်ဖက်ကမ်းမှာ
အလွမ်း ရင်ဝယ် ငွေ့ ငွေ့ နဲ့ 
နင်အလာ လမ်း မှန်းမျှော်နေရတာကိုလည်း
ကျေနပ်နေဆဲပါ ချစ်သူ......
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment