Sunday, May 19, 2013

*********သိပ်မုန်းမိတယ် ဗယ်လင်တိုင်းရယ်*********

*********သိပ်မုန်းမိတယ် ဗယ်လင်တိုင်းရယ်*********


မုန်းတယ်.......
အံသြစရာ မုတ်သုံလေနဲ့ 
ချစ်သူရဲ့ စာမျက်နှာကို တစ်ချက် ဖွင့်အကြည့်
အရောင်ပြေးတစ်ခုရဲ့ နားခိုရာ
နင်မှေးစက်ခဲ့တဲ့ 
ပန်းစည်းတွေကလည်း ပြန်ကျဲနေလေရဲ့ 


အမှတ်တရနေ့ ဆိုတာ
အမှတ်တမဲ့ ရှိသူတွေအတွက်တော့
ရင်ကွဲမှတ်တမ်း မဖြစ်ခဲ့ပါဘူး
ငါကိုတိုင်က မြတ်နိုး
ကြေကွဲ ရိပ်တွေကို ရိုက်ချိုးပြီ
အသက်မပါတဲ့ နင့် ရဲ့ 
ဗယ်လင်တိုင်းကို မျှော်လင့်နေခဲ့တယ်........

ရှင်သန်ခြင်းရဲ့ နောက်ကွယ်က
ရက်စက်ခြင်းဆို
ကျမမှားခဲ့တဲ့ ဆုတောင်းအတွက်
လျော်ကြေးတောင်းချင်တယ်
ရိုးရိုးပြုံးခဲ့ပေမဲ့ 
အဆွေးသံကြားက ချောကလက်က
အရောင်မလက် ခဲ့ဘူး......

ရွေရောင်တောင်ပတဲ့ ဆောင်းမနက်ခင်း
ပန်းနုရောင် နုလုံးသားတစ်ခုကို
အလဲလှယ်လုပ်ယူလိုက်တာကလည်း
ဒီဗယ်လင်တိုင်းးး
အပေါစား အချစ်နဲ့ 
ဒီချောကလက် လိုက်ဖက်မှု့ မရှိမှာတော့
မျှော်လင့်မိတဲ့ ဗယ်လင်တိုင်း....
တစ်စကျိုးပဲ့ခဲ့ တာ ..
တစ်ဆယ့်လေးရက်ရဲ့  ဖေဖော်ဝါရီပါ.....

ပေးဆပ်ခြင်းရဲ့ အရသာ
ဒီနေ့ ရောက်မှသိခဲ့တယ်
ပျော်ရွှင်ခြင်းရဲ့ ဆိတ်သုန်းမှု့ 
နင့် နဲ့ ကျမှတွေ့ ရတယ်
အပြစ်ကိုရိုးမယ်ဖွဲ့ လို့ 
ကျမရိုးရိုးလေးပဲပြောချင်တယ်
သိပ်မုန်းမိတယ် ဗင်လင်တိုင်းရယ်...........

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates