Sunday, May 19, 2013

သူ..စေညွှန်းရာ....စေ

သူ..စေညွှန်းရာ....စေ
***************

အချစ်တွေယိုဖိတ်လို့  ကျမနှလုံးအိမ်ထဲမှာ
ပက်ကြားအပ် ရင်ကွဲနာစတွေက
ငါ့နှလုံးသားကို တဆစ်ဆစ်နာကျင်စေခဲ့တယ်
အမှောင်အတိရှိနေတဲ့ အခန်း
လိုတရ မီးကျီတစ်ခု လိုချင်မိတာ
ကျမရဲ့ အမှားလားးးးးးးးးးး

အလွမ်းတစ်ခန်းရပ်နဲ့ 
ပစွပန်တည့် တည့်ကိုကြည့်
ေ၀၀ါးနေတဲ့  အတိတ်နဲ့ 
နင့်အရိပ်ကို မိုးချင်နေမိတယ်
ခိုကိုးရာ မဲ့နေခဲ့ တဲ့
ကျမရဲ့  မသန်မစွမ်းလှတဲ့ 
ရင်ခုန်သံ ကြမ်းကြမ်းလေးကို
လေယူရာကို မတိမ်းနိုင်ဖို့ 
နင့် အကူပေးလှည့်ပါ.....
စပယ်တွေမွှေးသလို
ခရေတွေလည်း သင်းပါတယ်ချစ်သူ
အမြင်မတူတာတွေရှိနေပေမဲ့ 
အခြေတူအောင်ညိုဖို့ 
သီအိုရီတွေ မလိုအပ်ပါဘူးချစ်သူ........

အချစ်ကိုဆော့ကစားလို့ 
မီးထက်လည်းပူပါတယ်ချစ်သူ
ကျမအသည်းတွေ အစိတ်စိတ်အမွာဖြစ်မှာ
ရှင်ကျေနပ်မယ်ဆို
ဒီရင်တွေကြွေ မြေမှာခ
ဖယောင်းပန်းအဖြစ်နေပေးပါမယ်ချစ်သူ.......
ရင်ခွင်မှာ ရှင့်ရင်ငွေ့ 
အပူတပြင်း ရိုက်ငိုသံ
လေပြေလာ ဒီရင်ငြိမ်းနိုင်ဖို့ 
ဆွေးတမြေ့ မြေ့ မေအသည်း
ကြွေခါလည်း ပေးပါမယ့်
ချစ်ရသောသူ.........
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates