Sunday, May 19, 2013

^^^^^မနက်ဖြန်တိုင်း လွမ်းပါရစေ^^^^^

^^^^^မနက်ဖြန်တိုင်း လွမ်းပါရစေ^^^^^












 
မောင်......
အကြင်နာ ရင်မှာ မှတ်လို့ 
အဖြေရှာ ရင်မှာမငြိပဲ
နင်ပစ်ခွာသွားတာ ရက်စက်တာ
မဟုတ်ဘူးတဲ့လားးး မောင်

အလွမ်းတောမှာ မျောပြီး
အချစ် မြေသြဇာလေးတွေ
ဖြန်းပက်ခဲ့ပေမဲ့..နေရာလေးတွ
ချန်ခဲ့လေတော့ နှုတ်ဆက်ခြင်းနဲ့ 
အဆုံးသတ်ခဲ့ရတာပေါ့ မောင်.....

စေတနာ ရင်မှာ ပြည့်ပေမဲ့
ဒီသံသရာ တစ်ဖက်ခြားမှာ
ဒီဝေဒနာကို မညှာမတာထားခဲ့ရစ်တာ
ကြေကွဲရတယ် မောင်ရယ်.....


မချစ်ခင်ကတည်းက လမ်းခွဲချင်နေတဲ့
မောင်ရဲ့ အချစ်တွေက အိမ်မက်ရဲ့တစ်ဖက်ကမ်းမှာ
တွဲလျောင်းကျနေခဲ့ တဲ့ ပိုးချည်မျှင်လို့ 
အချစ် အိမ်ကို အပြီးမသတ်နိုင်ခဲ့လေတော့
ကျမရဲ့ အလွမ်းတွေကိုလည်း စည်းစိမ်ဥစ္စာလို့ 
သဘောမထားနိုင်ခဲ့တော့ဘူးမောင်......


လမ်းခွဲခြင်းဆိုတဲ့ မှတ်တိုင်မှာ ၀မ်းနည်မှု့ တွေရှိတယ်..........
အလွမ်းဆိုတဲ့ မှတ်တိုင်မှာ မင်သက်ငေးမောဖွယ်
အလွမ်းခြေရာလေးတွေရှိတယ်............
နှုတ်ဆက်ခြင်း က ကျမအတွက် ခါးသီးနေမယ်ဆိုရင်တောင်
အပြုံးကို နှုတ်ခမ်းဖျားမှာ မှေးတင်ပြီး
ထာဝရအတွက် တစ်ရက် ပို လွမ်းပါရစေ မောင်.........




ကျမ အတွက် မနက်ဖြန်တိုင်း အလွမ်းနဲ့ ကြည်နှုး နေပါရစေ
ကျမအတွက် မနက်ဖြန်တိုင်း အချစ်နဲ့ နိုးထပါရစေ
ကြေကွဲမှု့ က ကျမအတွက် အချစ်တစ်ခုကို မွေးဖွားပေးခဲ့သလို
နှုတ်ဆက်လမ်းခွဲခြင်းက ကျမအတွက် အလွမ်းတွေမွေးဖွားပေးခဲ့တယ်
....
ကျမအတွက် မနက်ဖြန်တိုင်း ကြေကွဲမှု့ တွေကို နှူတ်ဆက်တမ်းတရင်
မနက်ဖြန်တိုင်းလွမ်းပါရစေ မောင်ရယ်.......


ကဗျာအဟောင်းလေးကို ပျင်းလို့ ပြန်တင်လိုက်တား) )))))
ကဗျာရိပ်.

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates