♥♥♥အချစ်ရဲ့ ခေါက်ရိုးကျိုးဝါကျ♥♥♥
အထီးကျန်ဆန်ဆန် ရိုးစင်းလွန်းတဲ့
ကျမရဲ့ ဘ၀ထဲမှာ ခါးသက်သက်
အနမ်းတွေ ရှိခဲ့ဘူးတယ်။
အုတ်ရောရော ကျောက်ရောရောဘ၀နဲ့ 
အိမ်မက်တွေကို ခြေဆင်း
နှလုံးသွေးတွေလည်း ပွက်ပွက်ဆူခဲ့တယ်။
သေတပန်သက်တစ်ဆုံး မျှော်လင့်ခဲ့ရတဲ့
ရှုင်သန်ခြင်းတွေက မိုးပြိုခါနီးမှာ
ကြောက်လန့် တကြား ဖြစ်ခဲ့ရတဲ့
ယုန်သူငယ်ရဲ့ အဖြစ်
ခဏတာသိမ်းဆည်းခဲ့ရတဲ့
အမှတ်တရ လက်ကျန်တွေက
ရင်ကွဲမှတ်တမ်းရဲ့ တတိယလက်ကျန်ဆိုရင်
အသည်းတွေ ကျောက်ဖြစ်လို့ 
ထွေခင်းမယ်ဆိုလည်း မရက်စက်တတ်တဲ့အသည်း
နှစ်ခါပြန်လည်း အကွဲခံအုံးမှာပါ။
ပေမမှီ ဒေါက်မမှီနဲ့ 
အချစ်တွေကို ၀ါကျဖွဲ့ နေခဲ့တာ
တကယ်တော့လေ အချစ်က
တစ်ပွင့်ကြွေပြီ တစ်ပွင့်ဝေတဲ့
ပန်းတွေဖြစ်ခဲ့ရင်လည်း အကောင်းသားပဲနော်။
ခဏတာသိမ်းဆည်းခဲ့ရတဲ့
အမှတ်တရ လက်ကျန်တွေက
ရင်ကွဲမှတ်တမ်းရဲ့ တတိယလက်ကျန်ဆိုရင်
အသည်းတွေ ကျောက်ဖြစ်လို့ 
ထွေခင်းမယ်ဆိုလည်း မရက်စက်တတ်တဲ့အသည်း
နှစ်ခါပြန်လည်း အကွဲခံအုံးမှာပါ။
ပေမမှီ ဒေါက်မမှီနဲ့ 
အချစ်တွေကို ၀ါကျဖွဲ့ နေခဲ့တာ
တကယ်တော့လေ အချစ်က
တစ်ပွင့်ကြွေပြီ တစ်ပွင့်ဝေတဲ့
ပန်းတွေဖြစ်ခဲ့ရင်လည်း အကောင်းသားပဲနော်။
ချစ်ခင်လေးစားလျက်ပါ
♥♥♥ကဗျာရိပ်♥♥♥
♥♥♥ကဗျာရိပ်♥♥♥

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment