မှော်ဝင်ကြိုး
****************
****************
အဆိပ်သင့်ခဲ့ဖူးသော ပန်းသီးတစ်လုံး
အနာတရရှိခဲ့ဖူးသော နှလုံးသားတစ်စုံ
ကွဲကြေပျက်ယွင်း အမည်းစက်ချင်းတော့
တူညီခဲ့ကြတယ်။
အမည်မဖော်လိုတဲ့
အညတရ ဆန်ဆန်
ဒီဝင်္ကပါ တစ်ဖက်ခြမ်းမှာ
အတိတ်တွေကို ခြေရာပြန်ကောက်
နောက်ပြန်လဲလျှောက်ခဲ့ဘူးတယ်။
သံယောဇဉ်ကြိုးတွေ တစ်စိမ်းဆန်တဲ့နေ့ က
ကျမ နှလုံးသားတွေ ခါးခါးသီးသီးညစ်နွမ်းခဲ့ရတယ်
ဆွေးမြေ့ လောင်ကျွှမ်း အမုန်းတံခါးစဖွင့်တဲ့နေ့ က
ကျမ ရင်ဘတ်တစ်ခုလုံး ကျေမွပျက်စီးခဲ့ရတယ်။
တွယ်ရာမဲ့ခဲ့တဲ့ အလွမ်းလွင်ပြင်ကျယ်လေးထဲမှာ
ရှင်သန်ခြင်းကို အသက်သွင်းလို့ 
မိုင်တိုင်တွေကို ကျောခိုင်း
မှတ်မှတ်ရရကို ဝေးကွာခဲ့ကြတယ်။
စိတ်ကို စိတ်ခြင်းငြိခဲ့ကြတဲ့
အချစ်သံသယ နွံထဲမှာ
ရုန်းရင်းဆံခတ် ကြိုးတစ်ချောင်းက
ရုပ်ပျက်ဆင်းပျက် နဲ့ အသက်သွင်းဖို့ ကြိုးစားနေလေရဲ့ ။
ချစ်မိသူတစ်ယောက်ရဲ့ နှလုံးသားတိုင်း လန်းဆန်းနိုင်ကြပါစေ။
ချစ်ခင်လေးစားလျက်ပါ
ကဗျာရိပ်

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment