♥♥♥ ကြယ်မကြွေခဲ့သော ကောင်းကင်♥♥♥
**********************************************
**********************************************
မာနမဲ့စွာနဲ့  အချစ်တွေကို
ကာရန်ဖွဲ့ အလွမ်းတွေနဲ့ ချည်နှောင်
ဆွေးမြေ့ နေတဲ့ ဒီကြိုးက
သံယောဇဉ်အတုတွေကို
နဖားကြိုးထိုးခံရမှာတော့
ခပ်ပါးပါး အတွေးထဲတောင်
မနှစ်မြို့ ချင်တော့ဖူး။
ငါ့ရဲ့ လူမသိသူမသိအခန်းလေးထဲမှာ
ကြိတ်ကြိတ်ဆွေးလို့ 
တိတ်တိတ်ပုန်း ငိုနေခဲ့ရတာ
ရက်ကို လစားလို့ 
နှစ်လတွေလည်း ကြာလှပေါ့
ချစ်တယ် ....နှလုံးသွေးကို
21ရာစုမှာထားပြီး
မလတ်ဆတ်တဲ့ နှစ်ချို့ အချစ်တွေက
ငါ့အတွက် ရင်ခုန်ဖို့ လည်း
တကယ်ကို မထိုက်တန်ခဲ့ပါဘူး။
လမိုက်ညမှာ ချစ်စိတ်တွေအန်ချ
ပျို့ အန်မိခဲ့တဲ့ အမုန်းဒဏ်ရာတွေ
ငါ့နှလုံးသားရဲ့ လေဟာပြင်မှာ
ကြယ်တွေမကြွေခဲ့တာ ကြာလှပေါ့ ချစ်သူ။
♥♥♥အမှန်တော့လည်း ကောင်းကင်ပြင်ကြီးရှိနေတိုင်းလည်း ♥♥ ကြယ်ဆိုတာကြွေတတ်တာမှမဟုတ်တာပဲလေ။♥
♥♥♥
ချစ်ခင်လေးစားလျက်ပါ
ကဗျာရိပ်

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment