♥ စိတ္တဇ အလွမ်း♥

နှလုံးသား ရွာရိုးတစ်လျောက်
ခပ်ရိုင်းရိုင်း အနွမ်းပန်းတွေနဲ့ အတူ
ခပ်လွမ်းလွမ်းနဲ့ ပြေးလျောက်မိခိုက်မှာ
သိက္ခာမဲ့ အချစ်တွေက
ကျမနားမှာ ဖရိုဖရဲ။

နှလုံးသား ရွာရိုးတစ်လျောက်
ခပ်ရိုင်းရိုင်း အနွမ်းပန်းတွေနဲ့ အတူ
ခပ်လွမ်းလွမ်းနဲ့ ပြေးလျောက်မိခိုက်မှာ
သိက္ခာမဲ့ အချစ်တွေက
ကျမနားမှာ ဖရိုဖရဲ။
ရေဆုံးမြေဆုံးရှာခဲ့ရတဲ့ အချစ်တွေ
အပြုံးလက်နဲ့ လည်းခပ်ခဲ့ဘူးတယ်
အငိုလက်နဲ့ လည်း ကမ်းခဲ့ဘူးတယ်
ကမ်းမမြင် လမ်းမမြင်နဲ့ 
ငါ့ရဲ့ နှလုံးသားကို ရွက်မပါပဲ လွှင့်ခဲ့ဘူးတယ်။
မျှော်လင့်ခြင်းတွေ ငိုချတဲ့နေ့ က
နှလုံးသားမှာ မိုးမရွာခဲ့ဘူး
အတတ်နိုင်ဆုံးပြုံးလို့ 
အလွမ်းတွေ အိပ်ချင်ယောင်ဆောင်တဲ့ နေ့ က
ကျမ အချစ်တွေ ယောင်လို့ တောင်
မနိုးထခဲ့ဘူး။
အလွမ်းတွေ မှိုင်းမိနေလို့ 
လပြည့်ညက အမည်ဖော်လို့ မရခဲ့ပေမဲ့
အတိတ်တွေ ခြေချူပ်မိနေတဲ့
ကျမရဲ့ ရာဇ၀င်ရိုင်းရိုင်းအတွေးထဲမှာတော့
ခပ်နွမ်းနွမ်း ဒဏ္ဍာရီက အဖော်ပြုလို့ နေခဲ့ဘူးတယ်။
စိတ္တဇ ညရဲ့ အတွေးထဲမှာ
ဟန်ဆောင်ကောင်းနေခဲ့တဲ့ အလွမ်းတွေက
မီးကျည်ထွန်းစရာမလိုအောင်တောက်ပနေတာ
ဒီညရဲ့ အလွမ်း စိတ္တဇအလွမ်းလို့ ပြောဖို့ တောင်
အင်အားတွေချိနဲ့ နေလေရဲ့ ။
♥♥♥
ချစ်ခင်လေးစားလျက်
ကဗျာရိပ်
ကဗျာရိပ်
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment