လောကတွင်ရှိသော လူအမျိုးအစားများအကြောင်း...
အသက်ရှင်နေသရွေ့ ကာလပတ်လုံးတွေ့ဆုံခဲ့ရသော လူများအကြောင်းကို လက်လှမ်းမှီ သလောက်တင်ပြလိုက်ရပါတယ်..
မည်သူ တစ်ဦးတစ်ယောက်ကိုမှရည်ရွယ်ခြင်း မရှိခဲ့ပါ။
၁။ အပေးအယူဆန်သောသောသူ....
ထိုသို့သော
လူမျိုးသည် ဘယ်အရာကိုမဆို အကျိုးအမြတ်ကိုထည့်ထွက်ပြီးမှ
လုပ်တတ်သောသူမျိုးဖြစ်တယ်။ သူသည် တစ်ကျပ်ဖို့းလုပ်ပေးရလျှင်
တစ်ကျပ်ဖိုးပြန်ရမှ ကျေနပ်သောသူမျိုးဖြစ်တယ် တစ်ချိန်လုံး
တွက်ချက်နေတတ်တယ်..
၂။ တစ်ကိုယ်ဆန်သောသူ..
ထိုသို့သော သူမျိုးကျသော ငါမှငါ သူများပြောတာကို ဘယ်အရာမှကောင်းတယ်မရှိဘူး
ငါ့အတ္တရယ် ငါ့မာနရယ် ငါဆိုတာကိုပဲထည့်တွက်တတ်ပြီ မိသားစုဆိုတာ လည်း ငါက
ပထမဆုံးပဲလိုတွေးတတ်နေတတ်ပြီ ငါဆိုတာတွေပဲကောင်းတာမှန်သမျှ ငါ့အတွက်ပဲ
ဘာပဲဖြစ်ဖြစ်ငါပဲတဲ့......
၃။ သူများကို အပြစ်ပုံချတတ်သောသူ.
သူကျတော့ တစ်မျိုးနော် လုပ်ငန်းခွင်ထဲမှာ ဖြစ်ဖြစ်
အကြောင်းအရာတစ်ခုပေါ်မှာပဲဖြစ်ဖြစ် အမှားဖြစ်သွားပြီးဆိုပါတော့ သူများကို
လွဲချတတ်ခြင်းပဲ သူများကလုပ်လိုက်လို့ ဖြစ်သွားတာ မင်းကြောင့်
ဒီလိုဖြစ်သွာရတာဆိုပြီး သူများကိုပဲအပြစ်ပုံချတတ်တယ်....
၎။ အတင်းပြောတတ်သောသူ
သူကတော့
ကောင်းတာပဲကိုပြောချင်း မဟုတ်ပဲ သူများကို မကောင်းတာ အတင်းပြောရမယ်ဆိုရင်
ထမင်း စားရမရ ပြောနေရမယ်ဆိုရင် လောကကြီးကိုတောင် မေ့နေလေရဲ့...
၅။ သူတော်ကောင်းဆန်သောသူ
သူကတော့ ပြောလိုက်လိမ့်မယ် ငါကတော့ သူတော်ကောင်းတော့မဟုတ်ဘူးနော် သူများကို မယုတ်မာဘူးလို့ အမြဲပြောတတ်သောသူ..
၆။ အားနာတတ်သောသူ.....
ဘာကိုပဲလုပ်ခိုင်းလိုက်သည်ဖြစ်စေ ငြင်းပယ်လိုက်ချင်မဟုတ်ပဲ ဟုတ်ကဲ့
လုပ်ပေးပါမယ်ဆိုပြီ ဘယ်အရာကိုမဆို
အားနာလိုက်လျော့မူတွေနဲ့ကုန်ဆုံးနေတတ်သောသူမျိုး........
၇။ စကားများသောသူ.
အမြဲတမ်း စကားပဲပြောနေရမယ်ဆိုရင် ကမ္ဘာကြီးကိုတောင် အဆက်အသွယ်မေ့နေလေရဲ့
သူမျိုးကျတော့လည်း အရေးကြီးသော
အကြောင်းအရာများကြောင့်စကားများခြင်းဆိုလျှင်တော့ ကောင်းပါလေရဲ့......နော်
၈။ အပြောကောင်းပြီး လက်တွေ့မဆန်သောသူ
မြန်မာ စကားပုံတစ်ခုလိုပေါ့ အပြောကတော့ရွှေမန်းပဲဆိုတာလေ သူက
ပြောလိုက်ရင်တော့ အကြီးကြီးပဲ လုပ်တော့မယ်ဆိုရင်
လက်တွေ့အကောင့်အထည်ဖော်မူကျတော့ အားနည်းနေတတ်ပြန်ရော.....သူများတွေပြောတဲ့
အစကောင်းမှ အနှောင်းသေချာတယ်ဆိုတာက သူအတွက်တော့ ပြောင်းပြန်ပါပဲ....
၉။ကိုယ်ကို နှိမ့်ချပြောဆိုတတ်သောသူ
မည်သည့်အလုပ်ကိုမဆို သိနေလျက်တောင် မိမိထက်ငယ်သောသူက
ပြောနေပြီဆိုလျှင်တောင် လေးစားမူဖြင့် လိုက်နာနေတတ်ပြီ မသိတတ်သည့်
ပုံစံမျိုးဖြင့်နေသောသူ
၁၀။ လက်တွေ့ဆန်သောသူ
အကြောင်းအရာတစ်ခုကို ပါးစပ်ကပြောတာကိုမကြိုက်ပဲ လက်တွေ့ထလုပ်လိုက်ရမှ ကျေနပ်သောသူ..
ထိုင်နေလျှင် ဘာမှမဖြစ် ထသွားလိုက်မှ ကောင်းတာဆိုးတာကို သိရမယ်ဆိုတာကို သူစိတ်ထဲမှာထည့်ပြီးသားပဲ
ပြောရမယ်ဆိုလျှင်တော့
ကုန်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့်လက်လှမ်းမိသလောက်
တင်ပြလိုက်ရပါတယ်....သင်ကော ဘယ်လိုလူမျိုးထဲမှာရှိနေလဲ ဆိုတာကို
ဝေဖန်ပိုင်းခြားနိုင်ပါစေ...
လေးစားလျှက်
ပြုံးပျော်နိုင်ကြပါစေ....
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment