♥♥♥...ကဗျာ ရှိုက်သံ....♥♥♥

တိုးတိုးပြောလို့ 
တိတ်တိတ်လေးကြေကွဲလိုက်မယ်
အလွမ်းသံမရောတဲ့ အမုန်းသံကင်းဇုံထဲ
မာယာတွေ ဖြတ်အပြေး
အချစ်တွေက ရှိုက်ငိုနေခဲ့ပြီ။
ပြင်းပြင်းရှရှ ရသထဲမှာ
ကွဲအက်အက် နှလုံးသားရဲ့
အမူအရာပျက်နေတဲ့ ဟန်က
နွေမှာ တွန်ကြူးတဲ့
ဥသြငှက် တော့ ဖြစ်နိုင်ဟန်မတူ။
ရင်ဘတ်ကို မော့အကြည့်
စွယ်တော်ရွက်က ပြုံးမပြဘူး
ရင်ခုန်သံ ရဲ့ ကပ်ပါးကောင်နဲ့ 
ဆန်ကျင့်ဘက် အရပ်မှာ
ဘယ်တော့မှ ကြယ်မကြွေခဲ့ဘူး။
ခပ်ပါးပါး အငြိမှာ
ကြွေကျသွားခဲ့တဲ့ ငါ့အမှန်တရား
မာယာတွေ ကိုရွှေချမိခဲ့တဲ့
လောကရဲ့ နိယာမတရား
ငါ.....မသိနိုင်တဲ့ လောကရဲ့ တစ်ဖက်ခြမ်းမှာ.....
အလွမ်းဇာတ်တွေခင်းနေလိုက်တာ
ကဗျာတွေတောင် ရှိုက်လို့ ငိုနေရဲ့ ။
♥♥♥♥♥♥
ကဗျာရိပ်
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment