Tuesday, May 28, 2013

ဘာသာမဲ့ နှလုံးသား

ဘာသာမဲ့ နှလုံးသား
**********************

အတွေးက ခပ်သိမ်သိမ်
ရင်မူးပျော်ဝင် အချစ်တစ်ခုရဲ့ 
နိဒါန်းအစမှာ ....
ခေါင်းစဉ်မပါ
စာစီမကျ ...ဒီနှစ်လည်း ကူးခဲ့လေပြီ..
သံသယဆိုတဲ့ အဆီအနှစ်ကိုကျောပိုးရင်း

မေးခိုင်စပြုနေတဲ့ ဒီရာသီမှာ
တိတ်တိတ်လေး ပြုံးလို့ 
ဆွေးမြေ့စွာ ရင်ဝယ်ပိုက်
နင်ကျောခိုင်းခဲ့ပြီတဲ့ နောက်မှာ..... (ငါ)?
အတွေးတန်တယ်လို့ ဆိုမလား....
ကျမလေ ချစ်ခြင်းတွေကို ထုပ်ပိုး
မျက်မမြင်တစ်ယောက်ရဲ့ အတွေးတစ်စ
လေဆန် လို့ လှိုင်းထန်
သောကတွေ စိန်စီချ....
.မျှော်လင့်ချက်တွေနဲ့ အသက်ရှင်လို့ ရယ်......
ဒီနေ့ .....
အိမ်မက်တွေကို ဆေးကြောတယ်
ယခင်နဲ့ ယခု ခပ်ပါးပါးကြားက
အချိန်တိုတစ်ခု ကို ၀င်အတိုက်
အလွမ်းတွေက ခပ်မဲ့မဲ့လှစ်ဟလို့ ပေါ့...
ငါလည်း ဒြပ်မဲ့ဆန်တတ်ခဲ့ရင်.
နှလုံးသားကို မီးလောင်တိုက်သွင်းလို့ 
နင်စေရာ ဗဟိုပြု.
တိမ်တိုက်တွေ နောက်လွင့်မျောခြင်းခဲ့ပြီ......
ချစ်ခင်လေးစားလျက်
ကဗျာရိပ်

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates