Tuesday, May 28, 2013

နှလုံးသား အစွန်းအထင်းနဲ့ လူ

နှလုံးသား အစွန်းအထင်းနဲ့ လူ


ရွှေဝါရောင် ပိတ်ကားပေါ်က
စကာတင်အချစ် ဇာတ်လမ်း
လွမ်းဆွေး တမ်းတ မနှစ်မြို့ ဖွယ်ရာ
ငါလည်း အဏ္ဍာဝါ ရေလက်ကြားက
အသားစားတဲ့ ဘီလူးတစ်ကောင်ပါ...

ကောင်လေးရေ...
အတိတ်ပန်းချီတွေကို ဆေးရေး
အမုန်းမြို့ ရိုး တံခါးလေး
တစ်ချက် အပွင့်မှာ..
ငါလှမ်းမြင်လိုက်တာက..
မရေရာတဲ့  အနာဂတ်အရောင်တွေ.လားးးးးးး



ကောင်လေးရေ....
အားရပါးရ ရယ်မောဟားတိုက်လို့ 
အိမ်မက်မက်ရုံနဲ့ တကယ်စစ်ခဲ့ရင်
ရယ်သံတွေကို သွေဖယ်
အစဉ်အမြဲ တွဲယှက်ခဲ့တဲ့
ငါ့တို့ လက်တွေ အမြစ်တွယ်ချင်ခဲ့တယ်......


ကောင်လေးရေ...
ခံစားချက်မဲ့ မြစ်ပြင်ကျယ်ထဲမှာ
နှလုံးသားကို အရောင်ဆိုး
နတ်ဆိုးတစ်ကောင်ရဲ့
ကျိန်စာနဲ့ အစွန်းအထင်းတွေပေးခဲ့လေသလားးးးးး
ထင်ရောင်ထင်မှား..အတွေးထဲမှာတော့

ငါ့နှလုံးသားလေးးးးးးးအရောင်တွေ ??????????????????

ချစ်ခင်လေးစားလျက်ပါ
ကဗျာရိပ်

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates