♥♥♥..အလွမ်း ကွဲအက်သံ....♥♥♥

အနာချိန်တက်နေတဲ့ အပြင်းဖျားရောဂါတစ်ခု
အနာတရ လမ်းမထက်မှာ ပြေးလွှားဆော့ကစားနေရင်း
ငါ့နှလုံးသားကို အမြစ်တွယ်ခဲ့တဲ့
ဒီဒဏ်ရာ ခပ်ပါးပါးက...
အလွမ်းတွေနဲ့ ပျော်မြူးနေလေရဲ.။
နှုတ်မဆက်ချင်တာ မဟုတ်ပါဘူး
နှုတ်ဆိတ်ခွင့်ကို တိတ်တခိုးတမ်းတမိတာပါ
တကယ်လို့ များ...
ကျမရဲ့အချစ် ရင်ခုန်သံရပ်ဖို့ 
ဘယ်ဘက်ရင်အုံကိုလေ
သံပတ်ပေးထားလိုက်ချင်ပါတယ် ။။ (အဲဒီလောက်ကိုချစ်ခဲ့တာ)။
ဆောင်းလေပြေညှင်းကပြောတယ်
ရာသီဥတု သာယာခဲ့ပုံများ
ပုံပမာနှိုင်းလို့ တောင် မမှီနိုင်ဘူးတဲ့
ဒါပေမဲ့လေ ကျမရဲ့ အနီးတ၀ိုက်မှာရှိတဲ့
ချစ်စက်ဝန်းထဲမှာ အလင်္ကာ စာစီချတောင်
ကောင်းကင်က အုံးမှိုင်းလို့ နေအုံးမှာတဲ့ ။။
တကယ်ပါ အများပြောတဲ့အချစ်ထဲမှာ
ယစ်မူးလို့ သက်ဝင်
ချစ်တမ်းလည်း ကစားချင်ခဲ့တာပေါ့
မဆိုစတမ်း ပြောကြေးဆို
ပေါပေါ့ပျက်ပျက်နဲ့ တွယ်ယှက်
အနှစ်မရှိတဲ့ မြေစာပင်လို့ 
စွန့် ပစ်ခဲ့တာ .....နည်းနည်းတော့ ရှတတပဲ။
တကယ်တော့လေ
ငါ...ငါ အိမ်မက်မရှိတော့တဲ့
အလွမ်းညရဲ့  ဆိုငြီးသံတွေကို
နားစည်ဝထဲမှာ အသက်သွင်း
ပုံဖော်ခဲ့မိတဲ့ ကျမအချစ်တွေ
ကွဲအက်လို့ လွှင့်စင်... ဖန်ပန်းအိုးတစ်လုံးသာဖြစ်လိုက်ချင်ပါတော့တယ်။
♥♥♥♥♥♥
ကဗျာရိပ်
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment