အချစ်နဲ့ ကျွန်မ
*************************
အချစ်=ကျမ
ရင်ထဲတွင်ပွင့်အံ့လုလု စကားလုံးများ အချိုးမကျတကျနဲ့ ရေတွက်နေမိတာလား
ဒါမှမဟုတ်စိတ်ခံစားချက်တစ်ခုကို ခုတုံးလုပ်လို
့ပြောစရာစကားတွေကုန်ခမ်းသွားတာလားး..အမှန်တော့လည်း သီအိုရီမှားနေခဲ့တဲ့
အမှန်တရားတစ်ခုက သူနဲ့ စတွေ့ တဲ့နေ့ ကအရောင်တွေပြောင်းလဲခဲ့တယ်ဆိုတာတော့
ကျမရဲ့ ရင်ခုန်သံတိုင်းကစကားတွေ
ပြောနေခဲ့တယ်…ဒါလည်းပညပ်ချက်တွေစည်းခြားခဲ့တဲ့ဘောင်တစ်ခုဆိုရင် ကျမက
ဘောင်ရဲ့အနားကိုကွပ်ပေးချင်တဲ့ အနားသတ်တွေအဖြစ်နေပေးချင်ခဲ့တယ်မောင်
တိမ်တွေကတော့အရောင်ပြောင်းတတ်သတဲ့ရှင်..ရှင်ရဲ့အချစ်တွေကောတိမ်တွေလို
အရောင်ပြောင်းခဲ့ရင်ဖြင့် ကျမရဲ့ရင်ထဲမ၀င့်မရဲ့ ဖြစ်မိတာအမှန်ပါ..မောင်ရေ
အချစ်တွေကိုဟားတိုက်လို့ ပေါ့ ကျမနှလုံးသားက
အချစ်ဆိုတာကိုမခံစားတတ်ခဲ့တုန်းကအချစ်ဆိုတဲ့အရာကို
တန်ဖိုးထားရကောင်းမှန်းကိုမသိခဲ့ရိုးအမှန်ပါ..အခုတော့လေ
သည်းခြေပျက်နေခဲ့တဲ့ အချစ်ရူးတစ်ယောက်လို့  အချစ်ဆိုတဲ့အရာကို
မြတ်နိုးနေတတ်ခဲ့ပါပြီမောင်..လူတွေရဲ့စိတ်ကခက်သွားလားမောင်ရေ ရတာမလို
လိုတာမရတဲ့ဘ၀မှာ
ကိုယ့်ဘ၀တစ်ခုရဲ့ရှင်သန်ခြင်း(Alive)ကိုတောင်အပြစ်တင်တတ်ကြတာလူတွေရဲ့သဘာဝတစ်ခုမို့လားမောင်
အရှင် ရင်မှာဝေသောပန်း
မနမ်းထိုက်သည်ဆိုလေအုံး
ကျမရဲ့အသည်းတံခါးလှစ်ဟနိုင်ဖို့ 
ရှင်ရင်ငွေ့ နွေးနွေးကိုတောင်းတနေမိတယ်။
အပြစ်မရှိအပြစ်ရှာလို
့ကံကိုအပြစ်တင်ချင်နေမိတယ် ကိုယ့်ရဲ့စိတ်တွေက အထပ်ထပ်ငြိတွယ်လို
့တိမ်းညွတ်တတ်တဲ့အရွယ်မဟုတ်ပါပဲနဲ့ စိတ်ကူးတွေထဲမှာ နစ်မျော
မောင်အတွက်ကြောင့်လည်း ကျမျက်ရည်တွေမြေခခဲ့ရပြီလေ..ဒါကလည်း
လောကရဲ့နိယာမတစ်ခု ဖြစ်ခဲ့တာလားးအချစ်ဆိုတဲ့အရာက သူနဲ့ ကျမကို
တိုက်စားသွားခဲ့ပြီ….ပဲလေ။
ဆန်ကျင့်ဘက်ဖြစ်ခဲ့တဲ့
ကျမတို့ နှစ်ယောက်က ခေါင်းစဉ်မသိခဲ့တဲ့အချစ်တစ်ခုကို ကိုးကွယ်ခဲ့မိတာက
အမှားနဲ့ အမှန်မခွဲခြားနိုင်ခင် သူနဲ့ ကျမကတော့ ဝေးသထက်လည်းဝေးခဲ့ရပြီ
ကျမကတော့ အချစ်ဆိုတဲ့အရာနဲ့ နီးနိုင်ဖို့ ကြိုးစားနေချိန်မှာ သူကတော့
အချစ်တွေနဲ့ ဝေးရာကိုပြေးဖို့ ကြိုးစားနေခဲ့ပြီပြီပဲလေ။
အို...တောင်စဉ်ရေတွေကျ
ဒါကလည်း ကူစရာကယ်စရာမရှိနဲ့ 
တမ်းတမိလိုက်တဲ့လွမ်းချင်းတစ်ပုဒ်ပါပဲလေ။
ငိုကြွေးခြင်းရဲ့အဆုံးမှာ လွမ်းစရာတွေပြည့်နှက်နေတဲ့အခန်းကျဉ်းလေး တစ်ခုရှိတယ်။
ရယ်မောခြင်းရဲ့အဆုံးမှာတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေတဲ့ အချစ်အမြုတေ နှလုံးသားတစ်ခုရှိတယ်။
မောင်ရေ တိုင်တည်လို့ ဆုပန်
ကျမရဲ့ ရင်ရိပ်လေးထဲမှာ
ရှင်ရဲ့အချစ်နဲ့ ရှင်သန်နိုင်ဖို့ 
ပြတိုက်တစ်ခုလိုအပ်တယ်..
ငိုမိမှာတကယ်ဆိုးလို့ 
တကယ်ပါရှင်ရယ် ကျမလေအချစ်နဲ့ ရန်ဖွဲ့  အဆုံးမရှိခဲ့တဲ့
ဒီနှလုံးသားပြယုဂ်လေးကို တယုတယထုတ်ပိုး အလွမ်းတွေကို
ချီလို့ မောင်အချစ်တွေကို စောင့်မျှော်နေမိတယ်မောင်။
ချစ်ခင်လေးစားလျက်
ကဗျာရိပ်

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment