နှလုံးသားပြတိုက်
***********

ရင်ပြင်ကျယ် တံခါးဝနားမှာ
အဆောင်အယောင်အတုနဲ့ 
သူယောင်မယ်တစ်ပါးးး
တေးသံသာကို ဟစ်ကြူးလို့ ပေါ့...
မောင်ရေ..
ကျမ နဲ့ အချစ်ကိုရန်ဖွဲ့ 
တေးကဗျာကို ကာရန်ချီ
ရင်ခုန်သံစည်းချက်တိုင်း
အမုန်းသံနှောစေရယ်လို့ များ
ဆုတောင်းမှားခဲ့တာလား
နှစ်ဘက်အသွားဓါးနဲ့ 
ကျမဘက်ကို ပြန်ပက်လို့ 
ထင်တိုင်းကြဲလို့ ရတဲ့ ကောင်းကင်ပြင်
ငိုစရာ ရှာမိသူက .အပြစ်ရှိသူလားမောင်
နားခိုရာ စက်ရိပ်ကင်းလို့ 
ဝင်ခွင့်လည်း မရှိပါပဲ
ဇွတ်တင်း မှိတ်ကြိတ်လို့ 
ရှင်ရဲ့ ပြတိုက်နံရံပေါ်က
အချစ် ပြယုဂ်လေးထဲမှာ
အမှီ သဘော ချစ်ခြင်းနှောလို့ 
ဝင်လာမိသူက အပြစ်ရှိလား မောင်....
ဆုတောင်းမှားလို့ ပြောသလားရှင်ရယ်
အချစ်တွေတည်စေ အမုန်းတွေပြယ်စေရယ်လို့ 
ဘ၀တစ်ကွေ့ မှာ ခဏတော့ ဆုတောင်းချင်ခဲ့တယ်
***********

ရင်ပြင်ကျယ် တံခါးဝနားမှာ
အဆောင်အယောင်အတုနဲ့ 
သူယောင်မယ်တစ်ပါးးး
တေးသံသာကို ဟစ်ကြူးလို့ ပေါ့...
မောင်ရေ..
ကျမ နဲ့ အချစ်ကိုရန်ဖွဲ့ 
တေးကဗျာကို ကာရန်ချီ
ရင်ခုန်သံစည်းချက်တိုင်း
အမုန်းသံနှောစေရယ်လို့ များ
ဆုတောင်းမှားခဲ့တာလား
နှစ်ဘက်အသွားဓါးနဲ့ 
ကျမဘက်ကို ပြန်ပက်လို့ 
ထင်တိုင်းကြဲလို့ ရတဲ့ ကောင်းကင်ပြင်
ငိုစရာ ရှာမိသူက .အပြစ်ရှိသူလားမောင်
နားခိုရာ စက်ရိပ်ကင်းလို့ 
ဝင်ခွင့်လည်း မရှိပါပဲ
ဇွတ်တင်း မှိတ်ကြိတ်လို့ 
ရှင်ရဲ့ ပြတိုက်နံရံပေါ်က
အချစ် ပြယုဂ်လေးထဲမှာ
အမှီ သဘော ချစ်ခြင်းနှောလို့ 
ဝင်လာမိသူက အပြစ်ရှိလား မောင်....
ဆုတောင်းမှားလို့ ပြောသလားရှင်ရယ်
အချစ်တွေတည်စေ အမုန်းတွေပြယ်စေရယ်လို့ 
ဘ၀တစ်ကွေ့ မှာ ခဏတော့ ဆုတောင်းချင်ခဲ့တယ်
ချစ်ခင်လေးစားလျက်
ကဗျာရိပ်
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment