Thursday, May 30, 2013

အချစ်......သို့ သော်

အချစ်......သို့ သော်
******************


မိန်းမသားတစ်ယောက်ရဲ့ မာနထဲမှာ
အလွမ်းနဲနဲထည့်ထားမိတယ်
အေးခဲ့စပြုနေတဲ့ ယောက်င်္ကျားတစ်ယောက်ရဲ့
မာနထဲမှာ မျက်မမြင်တစ်ယောက်ရဲ့ 
နှလုံးသားတစ်စုံကို ထည့်ထားမိခဲ့တယ်....။


သခင်...
ပန်းအကြွေတွေကိုကောက်
လွမ်းစရာမရှိတဲ့ ဒီမနက်ခင်းမှာပေါ့
သတိတယ ညနေခင်းတစ်ခုရဲ့
လေပြည်လေးတွေ ကပြောတယ်
မမွှေး ထိုက်တဲ့ ပန်းမို့ 
ရနံ့ မသင်းချင်ပါနဲ့ တဲ့...

သခင်....
အကြောင်းမဲ့ တိုက်ဆိုင်မှု့ တစ်ခုရဲ့အောက်
ငါ့ရဲ့အချစ်တွေက ခဆင်း
မြေမှုံ အဖြစ်နဲ့ နေဖို့ 
သခင်အလို ကျ စိတ်တွေကလည်း
မငြင်းရက်နိုင်ခဲ့ဘူးလေ......

သခင်.....
နှင်းတွေကြွေတိုင်းလွမ်းမိတယ်
မိုးတွေဆွေးတိုင်းမျှော်မိတယ်

သတိရမှု့ တွေရဲ့  စိတ်ငြီးငြုမှုတွေ
ပြိုကျ ပျက်စီးသွားတဲ့ တစ်နေ့ 
ပြုစားခံရတဲ့ အချစ်ရူးတစ်ယောက်လို 
မင်သက်ငေးမော ဆွေးကြည့်ရုံပေါ့သခင်..

သခင်...
အပေါစားဆန်ခဲ့တဲ့ အချစ်တွေ
ရုပ်ဒြပ်တစ်ခုရဲ့ မှောင်မိုက်ခြင်းအောက်မှာ
ရုပ်ပျက်ဆင်းပျက် ကျရူံးပါစေရယ်လို့ 
ကျမ ဆုတောင်း ပြည့် ခဲ့ရင်ဖြင့်။

ပြုမိသူတစ်ယောက်ရဲ့တမ်းချင်း။

ချစ်ခင်လေးစားလျက်ပါ
ကဗျာရိပ်

1 ခုပြန်လည်ပြောဆိုထားသည်။:

Unknown said...

မိုက်တယ်..ဒီကဗျာကိုတော့ ကြိုက်တယ်ဗျို့

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates