Thursday, May 30, 2013

ပန်းခြွေသူများ မလာရ >>>>>>>

ပန်းခြွေသူများ မလာရ >>>>>>>



တိမ်ငွေ့ တွေဖုံး
လေနုအေးတွေလည်း မ၀င်ခတ်ပါပဲနဲ့ 
ဒီရင်နုနုမှာ အလွမ်းတောင်တွေ ဖုံးနေရတာက
မုန်းမေ့မရသူတစ်ယောက်ရဲ့
အချစ်အမြုတေ တစ်ခုဖြစ်ခဲ့ရတာလားး

ပျိုးပါသခင်
ရာသီကြွေပန်းတွေနဲ့ 
အဝေခက်လို့ များ
ကြွေလျော့လေသလားကွယ်

ငိုးကြွေးနေသူတစ်ယောက်ရဲ့
ဒွိဟ မကျတကျအတွေးပင်လယ်ထဲမှာ
အချစ်ကို ကာရန်ချ
အလွမ်းမြစ်ထဲကို ခုန်ချခဲ့ဘူးတယ်။

ကျမရဲ့ နှလုံးလေးထဲမှာပေါ့
သံစဉ်မညီ တေးသွားတစ်ပုဒ်က
ညည့်နက်နက် အတွေးဂယက်တွေကို
လှိုင်းကြမ်းကြမ်းနဲ့ ဝင်ယှက်ခဲ့တာက
မနေတတ်သူတစ်ယောက်ရဲ့
ရင်ဝှက်တေးဖြစ်ရသတဲ့လေ။

တကယ်ပါ ချစ်သူ
အသင့်လက်နဲ့ ဆက်
အသင့်လက်နဲ့ ကြွေ
အသင့် နှလုံးသားနဲ့ ခြွေမိရသူတစ်ယောက်
အမှန်စင်စစ် ဖြစ်ခဲ့ရပါက
ဒီရင်ဝှက်တံခါးမှာလေ
နှလုံးသားအတု တပ်ခဲ့မိမှာ အမှန်ပါပဲရှင်ရယ်း)))) အခုတော့လေ

ကွဲကြေဆိတ်သုန်းးးး နှလုံးအိမ်နုနု ပန်းခြွေသူများမလာရ။

ချစ်ခင်လေးစားလျက်ပါ
ကဗျာရိပ်

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates