Sunday, May 19, 2013

ချစ်တတ်သူတိုင်း လွမ်းစေချင်

ချစ်တတ်သူတိုင်း လွမ်းစေချင်
*******************

ငါ့ရေးတဲ့လွမ်းချင်း မလွမ်းတတ်သူမဖတ်ရ
ငါသိတဲ့အချစ်က နုံတယ်
ငါသိတဲ့ အမုန်းက အန်တုလို့ 
တယုတယ မပျိုးတတ်လို့ လား...ချစ်သူ

ဟေ့......အချစ်
ရှင်ကို လက်ယှက်မခေါ်
တံခါးခေါက်လို့ လည်း ၀င်ခဲ့တယ်

ဟေ့.....အမုန်း
အမည်မသိပဲ ထွက်ခွာသွားလို့ 
မိုးခြိမ်းသံ သဲ့သဲ့ကြား
ငါ့ဆွေးလို့ ကျန်ခဲ့ရတယ်.......


ဟေ့.......အလွမ်း
နှစ်ရာထောင်ချီ တဲ့ခြေလှမ်း
နင်မလွမ်းပေမဲ့ ငါလွမ်းတယ်
ဆောရီးးးး
အပြောကြီးလို့ ဆောရီးပြောတာမဟုတ်ဘူးချစ်သူ
ရင်ခွင်က ဗလာနဲ့ 
နင်များ ငါကို နည်းနည်းလွမ်းသလားလို့ ပါ.......


ဒီည မိုးလည်းမရွာ
မဆီမဆိုင် ငါတမ်းတမိတာက
ချစ်သူရဲ့ ရယ်သံတစ်ချို့ 

ကြွှေလွှင့်ဝေးစင်.....အချစ်ကြောင့်လည်းရူးသည်။

ချစ်ခင်လေးစားလျက်
ကဗျာရိပ်  (မေဟန်နီ)

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates