နွေအ၀င်လမ်းက ကျမနဲ့ မောင်
~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~

ခြောက်သွေ့ ပူပြင်း
မခူးပဲနဲ့ ကြွေခဲ့ရသူပါ....မောင်
ရွက်ဝါကြွေမြေခ
ဥသြငှက်နဲ့ လည်း မပြိုင်ချင်ပါမောင်
သူခြွေရာလက်နဲ့ အသက်စက်
မတိမ်းခင်ကတည်းက ညွှတ်ခဲ့ရသူပါ
ဆင်သေကို ဆိတ်သရေဖုံး
အပြစ်ကို အမုန်းနဲ့ ကာရံ
နင်အချစ်ကို မြတ်နိုးမိရုံပါ
ပါးစောင်းထက်က မျက်ရည်
ပ၀ါပါးလေးကာရုံနဲ့ 
အမြင်မတော်သူ မျက်စောင်းထိုး
တိတ်တိတ်လေးပဲ ငိုချင်သူပါ...
မောင်...အတိတ်တွေကိုခြေရာကောက်
နင့်အကြောင်းတွေ တွေးချင်တယ်
အခုတော့လည်းးး..
နွေအသံတွေ တွန်ကြူး
ကျမရင်တွေ မီးလောင်တိုက်သွင်းလို့ 
ပဲ့ကြွေအသည်း ရင်ခုန်သံတောင် မရပ်ချင်ခဲ့သေးဘူးမောင်
နှလုံးသားတစ်ခုရဲ့တောင်းဆိုရာ အမုန်းတရားတွေလမ်းခင်းခဲ့သည်။
လေးစားစွာဖြင့်
ကဗျာရိပ်
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment