Sunday, May 19, 2013

အချစ်ဆိုတာရှင်သန်ခြင်းလား ?

အချစ်ဆိုတာရှင်သန်ခြင်းလား ?
********************


love is alive တဲ့အချစ်ဆိုတာ ရှင်သန်ခြင်းဆိုပဲ အမှန်တရားရဲ့နားခိုရာချစ်သူအရိပ်စေရာ ခံစားချက်ကိုဖော်သွင်းပြီး ပုံဖော်ကပြနေတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းနဲ့ တူတယ်....အများးသုံးနေသလိုအမည်ဖော်ချင်ပေမဲ့လည်း
အသက်မ၀င်တဲ့ပန်းချီကားတစ်ချပ်ကို ဆေးခြယ်သလို မလှမပစုတ်ချက်တွေနဲ့ အတူ ဖြတ်သန်းခဲ့ဘူးတယ်..ပါးပါးလျလျလေး နွမ်းလျစွာနဲ့ လေနုအေးတွေတစ်ဖြူးဖြူးတိုက်ခက်ပြီ ကျမရဲ့နံရံတစ်ခုပေါ်ဖြာကျလျက်ရှိသော သက်မဲ့ခနာကိုယ်တစ်ခုက အရွေ့ ဆိုတာကိုကြောက်သလို ရပ်ကြည့်နေရမှာကိုလည်း မလိုလားခဲ့ပါဘူးးးးသူတကယ်တောင်းတနေတာက ချစ်သူရဲ့ မာယာကင်းတဲ့ချစ်ခြင်းတစ်စုံပါ............................

မသိချင်တော့ပါဘူး မင်းရဲ့အကြောင်းတွေကို မကြားချင်တော့ပါဘူး မင်းရဲ့စကားသံကို သံစဉ်လို မညီမျှနိုင်တဲ့ တေးသံသာ တစ်ပုဒ်မဟုတ်ခဲ့ပါဘူးးးဒါပေမဲ့လေ အချစ်ဆိုတာ မချစ်ခင်ကတော့ အစဉ်သာ ချစ်ခါစမှတော့ မမြင်သာတဲ့...ပန်းရိုင်းတစ်ပွင့်ကို အရောင်သွေးသလို ဖြစ်ပျက်သဘောရယ်လို့ ပြောရအောင် ကိလေသာမှမကင်းစင်ခဲ့ပဲ....ဘာသာမဲ့ ရင်ကွဲစကားသံဆိုတာ ကြားရသူအတွက် နားခါးတယ်ဆို.ရင် ပြောရသူအတွက်ကော အသက်ဝင်ပါမလားကွယ်.............ပန်းဆင်ချင်တဲ့အချိန် မှာ အသုံးချသခင်အပါးမှာ ဆင်မြန်းခံရပြီ မလိုချင်တဲ့အချိန်မှာတော့ အနင်းခံဘ၀နဲ့ နေရပြန်တယ် ဒါကသဘာဝတစ်ခု ဖြစ်ခဲ့တယ်လေ...........ဘယ်လိုပဲဖြစ်နေပါစေး...မင်းနေတတ်အောင်ကြိုးစားရမယ်..မင်းငိုချင်ရင် ငိုလိုက်ပါကွယ် လွမ်းတာတွေကိုအောင့်ထားရင် အိမ်မက်တွေ ရှည်နေလိမ့်မယ်..

အိမ်မက်ကမ္ဘာမှာတော့ ငါ့ရဲ့ ကြေမွနေတဲ့ အသည်းနှလုံးတစ်စုံက အဖော်ပြုနေလေရဲ့ သူကတော့ ကျမကိုပြောတယ် မင်းခံစားနေရလားတဲ့ အရမ်းခံစားရတာကွယ် သိပ်ချစ်တတ်ခဲ့တဲ့ ကျမအတွက် အချစ်ဆိုတာ အဆိပ်တစ်ခွက်နဲ့ တူခဲ့တယ်.....ကျမနှလုံးသားလေးကစကားတစ်ခွန်းပြောခဲ့တယ်.......something is better nothing ...တဲ့ ဘာမှမရှိတာထက်စာရင် တစ်စုံတစ်ခုရှိနေတာက ပိုပြီး ဘ၀ကိုပြည့်စုံစေတယ်တဲ့...မင်းသာ မချစ်တတ်ခဲ့ရင် ဒီလိုမျိုး ခံစားချက်ဆိုတာ ဟန်ဆောင်နေတဲ့ အရာတစ်ခု တမင်ဖန်တီးရမဲ့ ရုပ်ဝတ္ထူ့ ပဲဖြစ်နေလိမ့်မယ်..မှန်မှာပါ သူပြောနေတာတွေကို ခံစားနေရချိန်မှာက လွမ်းနေတာတွေ နာကျည်းနေတာတွေက ကျမအတွက် တစ်စုံတစ်ခုလို တန်ဖိုးရှိနေခဲ့တာကို...ဟန်ဆောင်ကင်းတဲ့ ချစ်ခြင်းတစ်စုံဟာ ကျမရဲ. လက်ထဲမရောက်ခင်မှာ ပျောက်ဆုံးရတယ်ဆိုတော့ ကျမရဲ့အချစ်တွေများ မစစ်ခဲ့လေသလားကွယ်..............

အမုန်းဆုံးက ကိုယ်ကို အပြစ်တင်ရမှာနဲ့ ကိုယ်ချစ်ခဲ့တဲ့ သူကိုမုန်းရမှာ ကျမအတွက် အမုန်းဆုံးသင်္ကတ တစ်ခုဖြစ်ခဲ့တယ်......အခုတော့လည်း ကျမရဲ့အချစ်ဆိုတဲ့ ရှင်သန်ခြင်းကို သင်ပုန်းချေ အဆုံးသတ်ပြီ ကျမနှလုံးသားရဲ့အလိုတွေကိုလည်း မဖြည့်ဆည်းချင်တော့ဘူးကွယ်..........အရာအားလုံးကိုမေ့ပြီး ကျမတော့ အချစ်စစ်တစ်ခုနဲ့  ဘ၀သစ်တစ်ခုကိုလည်း မတည်ဆောက်ချင်တော့ပါဘူးးးအခုတော့လည်းလေ ကျမသုံးနေကျစကားတစ်ခွန်းထက်စာရင် ............something မဖြစ်ချင်တော့ဘူး nothing ပဲဖြစ်ချင်တော့တယ်.........ဒါကြောင့် ကျမရဲ့ ဆောင်ပုဒ် အဆုံးသတ်ကတော့..nothing is better than nothing...ပါပဲ ဘာမှမရှိတာထက်စာရင် ဘာမှမရှိတာပဲကောင်းတော့တယ်............အချစ်ဆိုတာ ကျမအတွက်တော့ နယ်မလွန်ခင်အဆုံးသတ်ရမဲ့ အိမ်မက်ခရီးတို တစ်ခုပါပဲကွယ်................

အတွေးတစ်စနဲ့ ရေးဖွဲ့ လိုက်ပါတယ်.......

လေးစားလျက်
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates