ကကြိုးထဲက ဇာတ်လိုက်များ
*****************

နေ၀င်ချိန်ကို မှန်းမျှော်
ဇီဝိန်ချူပ်ငြိမ်းဖို့ လူပြည်ကိုလည်း
ခဏကြည့်ချင်တယ်
မှောင်ခြင်း မဲခြင်း အတိနဲ့ 
နင်လည်းပဲ ခြေချူပ်မိနေရအုံးမယ်...
ဘာလည်းးး.......နှလုံးသားအတုနဲ့ လူရယ်
ရှင်အသားတွေ ၀ါနေတုန်းက
ရွှေအဆင်းပါမှ လှပါတယ်ဆို
အခုတော့ ရွှေရောင်ပျောက်တဲ့ည
ရှင် မျက်လုံးအိမ် စွတ်စိုရတာ
ကျမ နှလုံးသား အစိမ်းရောင် သမ်းခဲ့လို့ ပါတဲ့ ....
ရှင်သန်ခြင်းဆိုတဲ့ အတိမ်အနက်
မျှော်လင့်ခြင်းမရှိတဲ့ ရွက်လို့ 
ဦီးတည်ချက်တွေ မဲ့နေခဲ့မိတယ်
ငါလည်းပဲ ချစ်တတ်ပါတယ်ချစ်သူ
ဆရာ မကျပေမဲ့ အထာကျကျတော့
ချစ်တတ်ပါတယ်.....
ဘာမဆိုင်ညာမဆိုင်
ဟန်ပန်တွေကို ခြေဆင်း
အငိုလက်နဲ့ အချစ်တွေကိုထည့်
အပြုံးလက်နဲ့ အမုန်းတွေကို ပျိုးနေလိုက်တာ
အမှန်တော့ နင်နဲ့ ငါက
ဇာတ်ရှိန်မမြှင့်ခင် ငိုပွဲဆင်နေရတဲ့
ကကြိုးထဲက ဇာတ်လိုက်တွေပါချစ်သူရယ်း)
*****************

ဇာတ်ဆရာအလိုကျပေါ့ချစ်သူ
ပြုံးယောင်သမ်း ဘီလူးခေါင်းလည်း
ဆောင်းရတယ်....
ဆွေးယောင်သမ်း နှစ်ပါးသွားလည်း
ကရတယ်.....
ဆွေးယောင်သမ်း နှစ်ပါးသွားလည်း
ကရတယ်.....
နေ၀င်ချိန်ကို မှန်းမျှော်
ဇီဝိန်ချူပ်ငြိမ်းဖို့ လူပြည်ကိုလည်း
ခဏကြည့်ချင်တယ်
မှောင်ခြင်း မဲခြင်း အတိနဲ့ 
နင်လည်းပဲ ခြေချူပ်မိနေရအုံးမယ်...
ဘာလည်းးး.......နှလုံးသားအတုနဲ့ လူရယ်
ရှင်အသားတွေ ၀ါနေတုန်းက
ရွှေအဆင်းပါမှ လှပါတယ်ဆို
အခုတော့ ရွှေရောင်ပျောက်တဲ့ည
ရှင် မျက်လုံးအိမ် စွတ်စိုရတာ
ကျမ နှလုံးသား အစိမ်းရောင် သမ်းခဲ့လို့ ပါတဲ့ ....
ရှင်သန်ခြင်းဆိုတဲ့ အတိမ်အနက်
မျှော်လင့်ခြင်းမရှိတဲ့ ရွက်လို့ 
ဦီးတည်ချက်တွေ မဲ့နေခဲ့မိတယ်
ငါလည်းပဲ ချစ်တတ်ပါတယ်ချစ်သူ
ဆရာ မကျပေမဲ့ အထာကျကျတော့
ချစ်တတ်ပါတယ်.....
ဘာမဆိုင်ညာမဆိုင်
ဟန်ပန်တွေကို ခြေဆင်း
အငိုလက်နဲ့ အချစ်တွေကိုထည့်
အပြုံးလက်နဲ့ အမုန်းတွေကို ပျိုးနေလိုက်တာ
အမှန်တော့ နင်နဲ့ ငါက
ဇာတ်ရှိန်မမြှင့်ခင် ငိုပွဲဆင်နေရတဲ့
ကကြိုးထဲက ဇာတ်လိုက်တွေပါချစ်သူရယ်း)
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment