Sunday, May 19, 2013

ပျိုးမိသောလက်

ပျိုးမိသောလက်
**********


အနာတရ လမ်းမထက်မှာ
သစွာတွေ ကိုဆေးကြော
မှားမှန်းမသိ မှားလို့ 
သြ၀ါဒတွေကို ဆုချွှေနေမိတယ်
စုတ်ချက်တိုင်းရဲ့  ဆေးချက်တွေက
အလင်းက မှိန် ဆေးကလည်း ပြယ်ခဲ့ပြီ......


ယုယခဲ့ချင်ပါတယ် ပန်းလေးရယ်
ပတုန်းတွေဝဲ နှင်းရည်တွေမချွှဲရအောင်
ပျိုးခဲ့မိတာပါ..
.စေတနာတွေ ရင်မှာပျက်
ငါ့နှလုံးသား အနာတရဖြစ်မှ
ပွင့်ချင်ခဲ့ရိုးလားကွယ်..........

ပွင့်သောပန်းတိုင်း လန်းစေချင်တယ်
ကြွေသောပန်းတိုင်း ရနံသင်းစေချင်ခဲ့တယ်
တကယ်တော့
မတူရာမှန် တူရာမလှမ်းမိတဲ့
ငါ့ခြေလှမ်းတွေ ကျိန်စာတွေ သင့်ခဲ့ရပြီပဲလေ ......

ခံစားချက်တွေက အမြစ်တွယ်
အချစ်တွေကတော့ ငါ့ရဲ့
တောင်ကံပါးရံကို တိုက်စား
ရေစီးကြောင်းအတိုင်း မျောလွင့်ခဲ့တာ
ငါ့ရဲ့ ခမ်းနားခဲ့တဲ့ အလွမ်းမဏ္ဍိုင်တစ်ခုပါပဲလား

တကယ်တော့ ကံကောင်းဖို့ 
ယတြာယာ မလိုပါဘူးချစ်သူ
ကံတူအကျိုးပေးဆိုသလို
ဖူးစာရှင် မျှားနတ်မောင်က
မျက်နှာလွှဲခဲ့ မိတဲ့ 
ခဲတစ်ထောက်စာ ကံကြမွာက
နင့် နားက ခပ်ပါးပါးထွက်သွားမိခဲ့ရုံလောက်ပါး)

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates