နှင်းဆီမေ ..........သို့ 

စာလွှာတွေ ပေး ချစ်ခြင်းသံသာ
ပင်လယ်ပြာပြာ ရေတံခွန်ကြား
အဆင်းလှတဲ့ ရှင်နှမငယ်ရေ
မြင်မြင် ချစ်ခြင်း
စိတ်သဘောနဲ့  အတွင်းမနောသံတွေ
မရောနှောစေဖို့  ဒီမောင်ရင်တွင်း
အစဉ်မမှားဖို့  လမ်းကြောင်းလေးတွေ
ခင်းပါရစေ..........
ပြောလေသမျှ သဲရေကျသလို
မာန်မာနကို ကျောခင်း
အချစ်နဲ့ စစ်ကို ရောလို့ 
မြေခ သူရူံးရမတမ်းဆို
ဒီမောင်တစ်သက် မြေအတွင်း ၀ပ်ဆင်း
ပြန်မထနိုင်သူ တစ်ယောက်ဖြစ်ပါစေ..
ဝေးခြင်းဖြစ်တည် နှစ်ရာချီလည်း
ဆုံးအသက် မမုန်းတမ်းပြောလို့ 
နာကျည်းဓါတ်ခံ ကြံကြံခံ
ပျော်ပါစေရယ်လို့  နှလုံးသွင်း
လင်္ကာတွေ စာစီချ
နင်တစ်ယောက်တည်းကို ချစ်ခဲ့ပြီ........
အလွမ်းတွေ ပျော်ပါစေ
အချစ်တွေတည်ပါစေ
ဆယ်နှစ်တစ်ရာ ချစ်ခါမှဖြစ်
ဖြစ်စေ ......ဖြစ်စေရယ်လို့ 
မလိုမုန်းထား ရန်ငြိုးထားတဲ့
ဒုတိယ အမည်ခံ သုဘဒါရယ်လို့ 
အမည်လည်း မဆန်းချင်ပါဘူးးးး မောင့် နှင်းဆီမေ....း)
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ

စာလွှာတွေ ပေး ချစ်ခြင်းသံသာ
ပင်လယ်ပြာပြာ ရေတံခွန်ကြား
အဆင်းလှတဲ့ ရှင်နှမငယ်ရေ
မြင်မြင် ချစ်ခြင်း
စိတ်သဘောနဲ့  အတွင်းမနောသံတွေ
မရောနှောစေဖို့  ဒီမောင်ရင်တွင်း
အစဉ်မမှားဖို့  လမ်းကြောင်းလေးတွေ
ခင်းပါရစေ..........
ပြောလေသမျှ သဲရေကျသလို
မာန်မာနကို ကျောခင်း
အချစ်နဲ့ စစ်ကို ရောလို့ 
မြေခ သူရူံးရမတမ်းဆို
ဒီမောင်တစ်သက် မြေအတွင်း ၀ပ်ဆင်း
ပြန်မထနိုင်သူ တစ်ယောက်ဖြစ်ပါစေ..
ဝေးခြင်းဖြစ်တည် နှစ်ရာချီလည်း
ဆုံးအသက် မမုန်းတမ်းပြောလို့ 
နာကျည်းဓါတ်ခံ ကြံကြံခံ
ပျော်ပါစေရယ်လို့  နှလုံးသွင်း
လင်္ကာတွေ စာစီချ
နင်တစ်ယောက်တည်းကို ချစ်ခဲ့ပြီ........
အလွမ်းတွေ ပျော်ပါစေ
အချစ်တွေတည်ပါစေ
ဆယ်နှစ်တစ်ရာ ချစ်ခါမှဖြစ်
ဖြစ်စေ ......ဖြစ်စေရယ်လို့ 
မလိုမုန်းထား ရန်ငြိုးထားတဲ့
ဒုတိယ အမည်ခံ သုဘဒါရယ်လို့ 
အမည်လည်း မဆန်းချင်ပါဘူးးးး မောင့် နှင်းဆီမေ....း)
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment