Sunday, May 19, 2013

ချစ်သူသိဖို့ ဖတ်ပြမယ်

ချစ်သူသိဖို့ ဖတ်ပြမယ်
***************


တိမ်တွေကိုခြေရာကောက်လို့ 
ချစ်သူပျောက်လို့ ရှာမိတယ်
အရောင်အသွေးစုံတဲ့ လောကကြီး
ငါ့လို နှလုံးသားနု အသည်းနုတဲ့သူကိုမှ
ဟားတိုက်လို့ ရယ်မော
နင်ပြယ်ရယ်လည်း ပြုခဲ့တယ်.........


အချိန်တွေ ကြာလာသည်နှင့်အမျှ
ဒီရင်မှာလည်း ဒဏ်ရာတွေအမြစ်တွယ်
ခြေရာတွေပျောက်တဲ့ညက
ပန်းခြောက်တွေကို ပြန်ကောက်နေမိတယ်
အနာတရ နည်းနည်းနဲ့ 
နင်ရင်ခွင်ကို ပြန်လာနိုင်ဖို့ ကို.........

တမ်းတရင်း လွမ်းဆွတ်
အမှန်တော့ အမှတ်မရှိအသည်းက
အကြိမ်တစ်ရာလည်း မနာနိုင်ခဲ့ဘူး
မြောက်ဝင်ရိုးရဲ့ ရေတွေက
အေးခဲ့စပြုနေတဲ့ ကျမ ရင်ဘတ်ကိုတော့
မမှီနိုင်တာ သေချာတယ်.........

စိမ်ပြေးတိုင်းကစားနေတာမဟုတ်ဘူးမောင်
အချစ်ကို နင်းကွက်လုပ်လို့ 
နင်ဝင်ခိုင်းတိုင်း ၀င်ခဲ့မိတယ်
ပစ်ကွင်းထဲက သားကောင်ဖြစ်ခဲ့ရတာလောက်
ရင်နာစရာ ဘာရှိအုံးမှာလည်းးး

စာတစ်ကြောင်းရေးလို့ 
အပြန်တစ်ရာမက ကြေကွဲ
ငါ့နှလုံးသား နင်သိစေဖို့ ဖတ်ပြမယ်
ကြွေစရာ ကောင်းကင်ကြီးမှာ
ကြယ်တစ်ပွင့် ကြွေရုံနဲ့ 
မှောင်မိုက်မသွားနိုင်တာသေချာ ပါတယ် ချစ်သူရယ်...

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများက်ုထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates