အချစ်နဲ့ ကျမရဲ့ ရှင်သန်ခြင်း
******************

အလွမ်းတွေဆိတ်သုန်း အမုန်းမရှိခဲ့တဲ့ ကျမရဲ့ မြို့ ရိုးတံခါးဝမှာ
လေနှင့်ရာကို ရွှက်လွင့် စိတ်တွေကို အဝေးပစ်လိုက်ချင်တယ်
ခါးသက်သက်အနမ်းတွေကို အန်ချလို့ 
စိတ်တံခါးလေးတစ်ချက်အဖွင့် ငါမြင်နေတာက မုန်းမေ့မရတဲ့ နင့်မျက်နှာတစ်ချပ်
အူတူတူအတတနဲ့ နင့်ရင်ခုန်သံကိုနားထောင်ခဲ့မိတယ်
အပြင်လေတစ်ချက်အဝှေ့ မှာ အဆိပ်တွေ ပြန်ကျဲ့ 
တူမတူတဲ့  အချစ်တစ်ခုပါလားးးးးးးးး
မတန်မရာလှမ်းလို့  နင်နားကို လာချင်မိတယ်
အပေးနဲ့ အယူ မမျှတလို့ ရှင်ကျမကို မလိုအပ်ခဲ့ဘူးလား
Give & Take ဆိုတဲ့ ဝေါဟာရ တစ်ချို့ ကတော့
ချိုပြင်းပြင်း အချစ်ကြားမှာ အမြစ်တွယ်နေခဲ့ပြီလားး
မှားမှန်းမသိမှားလို့  လမ်းထောင့်ကြား သစ်ပင်အိုတစ်ချို့ ငိုနေရှာပြီ
အရိပ်နေနေ အခက်ချိုးချိုး ရှင်စကားက ပျားသကာထက်လည်း ချိုခဲ့တယ်
နင့်အချစ်ရဲ့  ကာရံတစ်ချို့ ကို မြေမြှုပ်သဂြိုလ်ပစ်လိုက်ချင်ပြီ
မခမ်းနားလှတဲ့ ကျမအလွ့မ်းတစ်ချို့ 
ရှင့်ရဲ့ ခြေရင်း ၀ပ်ဆင်းလို့  ရှင်သန်ခြင်းကို ရှာဖွေခဲ့ပြီ.....................း)))

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
မေဟန်နီ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment