မိုးနှင့်အတူကြွေ
**********
တဒင်္ဂအတွေးထဲမှာ နစ်မျော
မဟူရာရောင် တစ်လက်လက်နဲ့ 
ငါ့အချစ်ကို ချစ်တမ်းကစားချင်ခဲ့တယ်။
ပျော်ပါစေချစ်သူ
ပုလဲတွေလည်း ဥ
ချစ်ခြင်းတွေကင်းတဲ့
ဒီအလွမ်းကျောက်ဖျာပေါ်မှာ
ငါ့မှေးစက်လို့ အိပ်စက်ချင်တယ်
မကြွေပါစေနဲ့ ရှင်ရယ်
မိုးနဲ့ အတူကျတဲ့မျက်ရည်
အတွေးနက်နက် ၀ဲဂယက်မှာ
လွင့်မျောကြည့်ရုံ ငေးကြည့်ရုံ နဲ့ 
ရင်ဝယ်ထိပ်ထား ကျေနပ်လို့ လည်း
မျှော်ကြည့်မိတယ်။
ပြုံးလိုက်ပါချစ်သူ
တကယ်တော့ .ငါကလေ
အချစ်ရှိတဲ့အရပ်ကို ဥိးညွတ်
ကျောချင်းကပ်တဲ့ အမုန်းတရားတွေကို
ဥပေက္ခာ တရားတွေနဲ့  စီကာချထားမိသူပါ
ဒီနေ့ .....
အမုန်းမရှိတဲ့ ရပ်ဝန်းမှာ
အညိုးအတေးမဲ့စွာနဲ့ 
ခဏ ခဏ ငိုမယ်
စွေ့ ကြည့်လို့ တောင်
မိုးမရွာရင် ဒီနှလုံးသားကို
မိုးနှင့်အတူ ခြွေပစ်လိုက်တော့မယ်ချစ်သူ။
ကဗျာရိပ်
11.5.2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment