အဖြူရောင် အက်ကြောင်း
**************
**************
အငွေ့ အသက်တွေကြားက
ငါ့ရဲ့ ၀ိဥာဉ် ..
တိမ်တွေရဲ့ ခေါ်ဆောင်ရာနောက်မှာ
အရိပ်လို့ တွယ်ငြိနေလေရဲ့ .......
သက်မဲ့နေတဲ့ အချစ်အပိုင်းစတစ်ချို့ 
ရင့်ကျက်ကျက် အတွေးနက်နက်မှာ
ပျော်မွေ့ စွာ ရစ်မူးနေခဲ့ပြီ။
ပုံစံခွက်လှလှလေးထဲက
တစ်ရိုက်မက်မက် တွယ်ငြိခဲ့တဲ့
သစွာတရား .ဘယ်နေရာမှာ
ပုန်းခိုနေခဲ့ရတာလည်းးးးး။
နွေအချစ်ရဲ့ အလှတရားတွေက
ငါ့ရဲ့ နှလုံးသားကို
ပက်ကြားအက်တဲ့ ရင်ခုန်သံတွေနဲ့ 
အနုအလှတရားတွေကို ရိုက်ချိုးပစ်ခဲ့တယ်။
ချစ်သူ......
အစ အဆုံးကြားက
မိုးချိမ်းသံ သဲ့သဲ့ကြားမှာ
အနေခက်တဲ့ အချစ်ကြိုးနဲ့ 
မိုးကြိုးသံတွေ ရောယှက်ခဲ့မိလို့ 
အလွမ်းရာသီတွေ ပိုးထိုးခံခဲ့ရတယ်။
ပြင်ဆင်ခွင့်ကို ကျောခိုင်း
အချစ်ကြမ်းမကျေခဲ့တဲ့
ကျမရဲ့ ရာသီစက်ဝန်းထဲမှာ
အက်ကြောင်းရာ အဖြူပါးပါးကတော့
အရှေ့ အနောက် ကျောချင်းကပ်သလို
တွဲယှက်နေလိုက်ကြတာ....
ကျမ မှာတော့.........???
ကဗျာရိပ်
14.5.2013
—
ငါ့ရဲ့ ၀ိဥာဉ် ..
တိမ်တွေရဲ့ ခေါ်ဆောင်ရာနောက်မှာ
အရိပ်လို့ တွယ်ငြိနေလေရဲ့ .......
သက်မဲ့နေတဲ့ အချစ်အပိုင်းစတစ်ချို့ 
ရင့်ကျက်ကျက် အတွေးနက်နက်မှာ
ပျော်မွေ့ စွာ ရစ်မူးနေခဲ့ပြီ။
ပုံစံခွက်လှလှလေးထဲက
တစ်ရိုက်မက်မက် တွယ်ငြိခဲ့တဲ့
သစွာတရား .ဘယ်နေရာမှာ
ပုန်းခိုနေခဲ့ရတာလည်းးးးး။
နွေအချစ်ရဲ့ အလှတရားတွေက
ငါ့ရဲ့ နှလုံးသားကို
ပက်ကြားအက်တဲ့ ရင်ခုန်သံတွေနဲ့ 
အနုအလှတရားတွေကို ရိုက်ချိုးပစ်ခဲ့တယ်။
ချစ်သူ......
အစ အဆုံးကြားက
မိုးချိမ်းသံ သဲ့သဲ့ကြားမှာ
အနေခက်တဲ့ အချစ်ကြိုးနဲ့ 
မိုးကြိုးသံတွေ ရောယှက်ခဲ့မိလို့ 
အလွမ်းရာသီတွေ ပိုးထိုးခံခဲ့ရတယ်။
ပြင်ဆင်ခွင့်ကို ကျောခိုင်း
အချစ်ကြမ်းမကျေခဲ့တဲ့
ကျမရဲ့ ရာသီစက်ဝန်းထဲမှာ
အက်ကြောင်းရာ အဖြူပါးပါးကတော့
အရှေ့ အနောက် ကျောချင်းကပ်သလို
တွဲယှက်နေလိုက်ကြတာ....
ကျမ မှာတော့.........???
ကဗျာရိပ်
14.5.2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment