မောင့်ကို မလွမ်းပါရစေနဲ့ ....

မလွမ်းပါရစေနဲ့
ကြင်နာပါတဲ့ဆိုတဲ့စကားသံတိုးတိုးလေးကိုလည်း
မကြားချင်ဘူးးမောင်
မှားပါတဲ့ဆိုတဲ့
စကား နောက်များမှာ နောက်ပါး
သခင်စေခိုင်းသလို
မကြားရက်ပါဘူးမောင်။
ဖုန်းသံတစ်ချက်မည်တိုင်း
မောင်လားလို့ထကြည့်မိတာ
အကြိမ်တစ်ရာမကဖြစ်ရအောင်လည်း
မနှိပ်စပ်ချင်ပါနဲ့မောင်
လွမ်းစိတ်တွေ
ဝေပြီး မသောက်ဖြစ်တဲ့ ကော်ဖီတွေ အေးခဲသွားသလို
မေ
ရဲ့စိတ်တွေ အေးခဲ့သွားချင်ပါပြီ မောင်။
့အတ္တကြီးပါတယ်ဆိုတဲ့
မေ မာနတွေ ထိပ်ခေါင်နေ့ တဲ့စိတ်
အခုများတော့
မောင့်အလွမ်းကြား နစ်မွန်းနေခဲ့တာ ပြင်ဆင်ချိန်ရောက်
နေခဲ့ပြီလေ။
ငြိမ်သက်လွန်းတဲ့
မေရဲ့ ရင်ကို
ဝေဒနာတွေ
တစ်နင့်တစ်ပိုး ပေးပြီး အလွမ်းတောထဲ
မနေပါရစေတော့နဲ
့မောင်..
တန်ရာတန်ကြေးပေးပြီး
ငိုရမယ်ဆိုရင်တောင်
မောင်ပေးတဲ့အလွမ်းက
မေ အတွက်
တန်ဖိုးမရှိသေးတော့ ငိုမဲ့မျက်ရည်
ပြန်သိမ်းဆည်းထားလိုက်ပြီမောင်..
မလွမ်းပါရစေ
နှစ်ထောင်ချီမက
ချစ်နေရင်တောင်
မေ မျက်နှာတစ်ချက်
မပျက်
အပြုံးဆက်ပြီ ချစ်ဖို့  အားတင်း
နေခဲ့
ပြီပြီးဆိုတာကို မောင်...သိနိုင်ဖို့ မကြိုးစားချင်တော့ပါဘူး မောင်ရယ်.......
အလွမ်းတွေကို
ရစ်ပတ်နှောင်ဖွဲ့ ရင်းကုန်ဆုံးရတော့မှာလားးးးဆိုတာ မသေချာတောပါဘူးး


0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment