Tuesday, June 11, 2013

အချစ်+အချစ်= အချစ်

  အချစ်+အချစ်= အချစ်
နင်ကငါအတွက် အိမ်တစ်လုံး နဲ့ တူခဲ့မယ်ဆိုရင်
ငါ ကနင်အတွက် အလှဆင်ပေးနိုင်တဲ့ Accessories လေးဖြစ်ပေးခဲ့ ပြီးသားပါနော်......

နင့် နဲ့ ငါ  သိပ်ခင်ကြတဲ့အခါ သွားသွား စားစား အမြဲ နင် နဲ့  ငါ တစ်တွဲတွဲပေါ့..
နင် နဲ့  ငါ ပြသာနာတစ်ခုဖြစ်လို့ အခင်အမင်ပျက်သွားတဲ့အခါ နင့် နဲ့ ငါ အရင်တုန်းကသွားခဲ့တာတွေကို
ပြန်သတိရဖို့မမေ့စေချင်ဘူးး
နင် နဲ့ ငါ သိပ်ပျော်ကြတဲ့အခါ စကားတွေဖောင်ဖွဲ့  မနားတမ်း ပြောလိုက်ကြတာ နေ့  ရော ညပါ မှားပြီးပြောနေကျတာ
ကုန်ကိုမကုန်နိုင်ခဲ့ပါဘူးး
နင် နဲ့  ငါ စိတ်ညစ်နေကြတဲ့ အခါမှာလည်း တစ်ယောက်ကိုတစ်ယောက်  ဖေးမ ပြီ ပျော်ခဲ့တုန်းကလို့  ညင်သာစွာ
ပြောပေးနိုင်ဖို့ အင်အားတွေမွေးထားရမယ်နော်။
နင် နဲ့ ငါ အကြိုက်တူတဲ့အရာတွေ တော်တော်ကိုများခဲ့တာဆိုတော့ နင့်ကြိုက်တာကို ငါ အမြဲအကြိုက်ဆောင်ဖို့ စဉ်းစား
ခဲ့ပေးခဲ့ချိန်မှာ..
နင် က ကော မကြိုက်တာကို ငါအတွက်မစားပေးဖို့ စဉ်းစားပေးခဲ့ရင်သိပ်ကောင်းမှာပါ။
နင် နဲ့ ငါ သိပ်ချစ်ကြတဲ့ အခါ တစ်ယောက်ကို တစ်ယောက် ဂရုတစိုက် ရှိနေခဲ့ပြီး မျက်စေ့အောက်က အပျောက်
မခံနိုင်အောင် ချစ်ခဲ့ ကြဘူးတယ်...
ငါ နဲ့ ငါ မချစ်ချင်တော့ တဲ့အခါ ဂရုစိုက်မှု့ ကိုဖေးဖယ် တွေးဝေမှု့ကို ခုတုံးလုပ် တစ်ယောက်မျက်နှာ တစ်ယောက်
မဲကြည့်ချင်လောက်အောင် ဖြစ်နေ့ ခဲ့မယ်ဆိုရင် တောင် ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ပြုံးနိုင်အောင်
ကြိုးစားကြည့်ရအောင်ပါ။
နင် နဲ့  ငါ သတိတွေ ရနေတဲ့ အချိန်မှာ နင်အကြောင်းကိုပဲတွေးပြီ သတိရမှု့ ဆိုတဲ့ ပိုင်ဆိုင်ချင်ကို
တန်ဖိုးထား နင် တစ်ယောက်သာ ငါအတွက်ပါပဲလား လို့  တွေးတောနေချိန်မှာ
နင်က ကော ငါကို သတိရရင် ငါ တစ်ယောက်ကိုတန်ဖိုးထား အတွေးတစ်ခု မှာသာ နစ်မျော ပေးနေယုံနဲ့ 
ငါက ကျေနပ်နေမှာပါ...
နင် နဲ့  ငါ တစ်ယောက်ကို တစ်ယောက် သိပ်လွမ်းနေကျတဲ့အချိန် နင်တစ်ယောက်အဆင်ပြေပါစေလို့ 
ဆုတောင်းပေးနေဘူးခဲ့တယ်......
နင်ကကော ငါကိုလွမ်းနေတဲ့ အချိန် ငါ တစ်ယောက် အဆင်ပြေပါစေလို့ ဆုတောင်းမပေးရင်တောင်
လွမ်းစိတ်သက်သက် ရှိနေခဲ့ယုံတင် ငါ ၀မ်းသာမိမှာပါ...
နင် နဲ့ ငါ လမ်းခွဲကျတဲ့အခါပြုံးနေရင် လမ်းခွဲခြင်းက အကောင်းဆုံးဖြစ်ချင်တယ်
သိပ်ချစ်လို့  လမ်းခွဲသည့်ဖြစ်စေ မချစ်နိုင်တော့လို့ လမ်းခွဲ သည်ဖြစ်စေ
အဖြူသက်သက် ချစ်ခြင်းမေတ္တာကို ထာဝရပိုင်ဆိုင်ပြီ အပြုံးမပျက် ခေါ်နိုင်ဖို့ မွေးမြူထားရအောင်နော်.....
အချစ်ကို အချစ်နဲ့ အဆုံးသတ်ဖို့  တို့ တစ်တွေ အားမွေးလိုက်ကြရအောင်................


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates