Tuesday, June 11, 2013

ကာရန် မညီတဲ့ အလွမ်း

    ကာရန် မညီတဲ့ အလွမ်း


လွမ်းရင်း လွမ်းသာ
သီကာဖွဲ့ နွဲ့  လွမ်းလျက်ပင်ဝေ
လွမ်းသည့် လွမ်းစိတ်
ဖြေးသိမ့် နွမ်းလျ
ချစ်သူ လွမ်းစိတ်
လှခေါင်ထိပ် မို့ 
မညိုးနွမ်းချင်.
သခင်သိဖို့  ပြောပြမယ်..
ကာရန် မညီ ဒီအလွမ်းက
သံစဉ်စည်းချက်ညှို့ ဖို့ မလို
အရောင်ညိုးနွမ်းမလိုချင်ဘိ.
သခင်နှလုံး အစဉ်
လန်းဖို့  ကြိုးစားမယ်........
ကာရန်မလှ ဒို့ ဘဝ
ကာရန်မညီ စာမမှီမို့ 
ဒီလွမ်း ဒီစိတ်
ဒီမျှနဲ့ သာ ကျေဖို့ ရာကို
ဆုပန်ချွေ မိ.
ညီဖို့ မလို လွမ်းဖို့ လိုသည်။
ကာရန်မညီ ဒီအလွမ်းးးကို
ချစ်သူ တစ်ယောက် သိပါစေ....


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates