Tuesday, June 11, 2013

♥♥♥.....တိမ်နဲ့ တူသောအချစ်.....♥♥♥

♥♥♥.....တိမ်နဲ့ တူသောအချစ်.....♥♥♥
ကောင်လေးရေ......
အထီးကျန်မှု့ တွေနဲ့ ဆုပ်ကိုင်ခဲ့တဲ့
ငါ့ရဲ့လက်ထဲမှာ မရေရာတဲ့အနာဂတ်တွေရှိသတဲ့
မိုးပြိုမှာ ကြောက်လို့ အနားနားတိုးမိတာ
ကောင်းကင်ပြာ ငိုမှာစိုးလို့ မဟုတ်ရပါဘူး။
ကောင်လေးရေ.......

တိတ်ဆိတ်ခြင်းတွေကို အဖော်ပြုနေရတဲ့
ငါ့ရဲ့ နံနက်ခင်းတိုင်း အလွမ်းတွေက မှိုင်းတိုက်နေခဲ့လို့ 
အချစ်တွေ မချိုခဲ့တဲ့ ညဥ့်နက်မှု့ သန်းခေါင်ချိန်တိုင်း
အလွမ်းအထာကို ကျကျနန သီဆိုနေခဲ့ရတာပါ။
ကောင်လေးရေ........
ဘ၀တွေ ဆိတ်သုန်းလို့ 
သစွာတွေပျက်ခဲ့ရင်တောင်
ရင်ခုန်ဖော် ရင်ခုန်ဖက်နဲ့ ဘ၀ခြင်းဆက်ပါရစေလို့ 
ဆုခြွေလို့ လည်း ပန်ပါမယ့်။

ကောင်လေးရေ.........
အမည်မဖော်လိုသူရဲ့ တမ်းချင်းထဲမှာ
ရွှေမှုံကြဲခဲ့တဲ့ အချစ်တစ်ခန်းရပ်ကို
တစ်သက်ကြွေလို့ တစ်ခါဝေတိုင်း
ရင်သက်ရူမော အလွမ်းသမားတစ်ယောက်တော့
မဖြစ်ပါရစေနဲ့ ရှင်ရယ်။
ကောင်လေးရေ........
ကြိုး ကြိုးချင်းအငြိ
ရင်ဘတ်ချင်း အထိ
ကြွေမွခဲ့တဲ့ ဒီတိမ်တိုက်လေးထဲမှာတော့
ငါ့နှလုံးသားလေး ငွေ့ ရည်ဖွဲ့ ရပြီးပေါ့ကွယ် ။
♥♥♥.. ကဗျာရိပ်..♥♥♥

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates