Tuesday, June 11, 2013

♥♥♥ အိမ်မက်တွေကို ခြွေလေသူ ♥♥♥

♥♥♥ အိမ်မက်တွေကို ခြွေလေသူ ♥♥♥
အလွမ်းတွေ မခမ်းနားခဲ့လို့ 
ငါ့အနားက မြစ်ကျိုးအင်းတွေ
မြေဆီလွှာတွေတိုက်စားး
ငါ့နှလုံးသား အပြင်းဖျားဖျားခဲ့ရတာပေါ့။

ပါးပါးနပ်နပ်မရှိခဲ့တဲ့ ဒီမနက်ခင်းမှာ
အနက်ရောင်တွေ ဖြန့် ကျက်
မသမာမူတွေ ကိုကျောခင်းနေခဲ့တာ
လှလှပပ ကိုမပြုံးနိုင်ခဲ့ဘူး။

ရက်ဆုတ်ပြကွဒိန်ရဲ့ ခပ်နွမ်းနွမ်းအတွေးထဲမှာ
ငိုချခဲ့ဘူးတဲ့ စာရွက်အပိုင်းအစတစ်ချို့ 
အသက်မ၀င်တော့တဲ့ နံအအ ဒိုင်ယာလော့တွေနဲ့ 
ယစ်မူးနေခဲ့တာက....
ဟန်ဆောင်ကောင်းသူတစ်ယောက်ရဲ့ 
ပထမ ခြေလှမ်းဖြစ်ခဲ့ ရပေါ့။

ကျန်ရစ်ခြင်းး ဆိုတာကိုကျောခိုင်းလို့ 
ချန်ရစ်ခြင်းးတွေကို အဖော်ပြုနေတာမဟုတ်ရပါဘူး ချစ်သူ
ပုံစံ မကျတဲ့ အနားသတ်တွေနဲ့ 
အလွမ်းကို ခြွေလို့  အချစ်တွေမသေ သေးရင်
လှည့်စားခြင်းတွေပျော်ဝင်နေတဲ့
နင့်ရဲ့ ရင်ခုန်သံ နဲ့ 
ငါ့အိမ်မက်ထိ လာခြွေလှည့်ပါနော် ။



♥♥♥ ကဗျာရိပ် ♥♥♥

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates