Tuesday, June 11, 2013

♥♥♥ အနာဂတ်ဧ။် သမီးပျို ♥♥♥

♥♥♥ အနာဂတ်ဧ။် သမီးပျို ♥♥♥


လက်တစ်ကမ်းစာလောက် မျော်လင့်ချက်တွေ
ရိုက်ချိုးဖျက်ဆီး ခံလိုက်ရတဲ့ နေ့ တစ်နေ့ ရဲ့
အိမ်မက်ရောင်တွေကလည်းဖျော့တော့တော့
ငါ့လျှောက်လက်စ ခြေလှမ်းတွေလည်း
အနောက်အရပ် ဆီသို့  ဦးတည်နေလေရဲ့ ။

ဦးဆုတ်ခွင့် မရှိတဲ့ အနာဂတ်တွေ
ငှါ့ နှလုံးအိမ်ရဲ့ အဝေးတစ်နေရာမှာ
အိပ်မောကျနေလိုက်ကျတာ
မှိုင်းပြပြ တောင်ကမ်းပါးရံတွေတောင်
လက်ပြလို့ လည်း နှုတ်မဆက်နိုင်တော့တဲ့ အဖြစ်။


ပိုးဖလံမျိုးမို့ မီးကို တိုးမိပေမဲ့
ရှေ့ ကို တစ်လှမ်းတိုးနိုင်ဖို့ 
နောက်ဆုတ်ရတဲ့ လမ်းတွေကို
ငါတကယ်ကို မုန်းမိတယ်.....
စည်းတွေခြားထားစေတဲ့
အထိန်းအကွပ်မဲ့ နေတဲ့ ညဥ့်နက်မှု့ တိုင်း
ငါ့ကို ပြက်ရယ်ပြုလို့ နေခဲ့ကြတယ်။

ရပ်တည်ချက်ရဲ့ တစ်ဖက်တစ်ချက်မှာ
အမှားဆိုတာကို လက်ကိုင်လို့ 
အမှန်ကိုလည်း မပြင်ရက်နိုင်
သိလျက်နဲ့ လည်း မိုက်
စိတ်ကို စိတ်ချင်းစားလို့ 
သူတော်ကောင်းယောင်လည်း
ဆောင်နေမိတယ်။

ဘယ်မှာလည်း သမီးပျို
နင့်ရဲ့ အဆောင်အယောင် ပြယုဂ်တစ်ခုက
နှစ်ချို့ တဲ့ အတိတ်တွေထဲမှာ
ယစ်ဝဲလို့ လည်းပျော်စံ
နင့်ရဲ့ အရှင် နန်းတော်စစ်လို့ များ
ထင်နေရောလားးးးး သမီးပျို ။


အမှားလေးများပါသွားရင်ဖြင့် သီးခံပေးကြပါနော် ။

♥♥♥ ကဗျာရိပ် ♥♥♥

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates